Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်                    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(/၂၀၂၁)ကို  ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊  ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊  ဦးတင်ထွဋ်ဦး၊  ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဒေါက်တာ ဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်တို့ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် ချိတ်ဆက် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် တာဝန်ထမ်းဆောင်သည်မှာ လတာ ကာလရှိပြီး လုပ်ငန်းများ ဆောင်ရွက်ချိန်တွင် ပြည်တွင်း၊ ပြည်ပဆိုင်ရာ အခက်အခဲများကြားမှ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အစိုးရတစ်ရပ်၏တာဝန်သည် နိုင်ငံသာယာဝပြောစေရန် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက် ချိန်ကာလအတွင်း နိုင်ငံရေးအရ တည်ငြိမ်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းအား ရင်ဆိုင် ကျော်လွှားနေရသည့်အချိန်ဖြစ်သဖြင့် အခက်အခဲများရှိကြောင်း၊ မိမိတို့နိုင်ငံ၌ ဇွန်၊ ဇူလိုင်လများတွင် တတိယလှိုင်းစတင် ဖြစ်ပွားခဲ့ပြီး အခက်အခဲများ ဖြစ်ပေါ်ခဲ့သော်လည်း တာဝန်ရှိသည့် ခေါင်းဆောင်များ၏ မဆုတ်မနစ်သည့်ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုနှင့် ပြည်သူများ၏ အခက်အခဲများကြားမှ အပြည့်အဝပူးပေါင်းဆောင်ရွက်မှုများကြောင့် အတိုင်းအတာ တစ်ခုအထိ အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်ကြောင်း။

ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာပေါ်တွင် လက်ရှိအချိန်အထိ ကူးစက်မှုနှုန်းများ မြင့်တက်လျက် ရှိနေသေးကြောင်း၊ အာဆီယံနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံသည် ကူးစက်မှုအများဆုံးဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသည် ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် အာဆီယံနိုင်ငံများတွင် ဆဋ္ဌမမြောက်ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး စက်တင်ဘာ ရက်အထိ ကူးစက်သူ ၄၁၇၀၀၀ ကျော်ရှိပြီး၊ သေဆုံးသူ ၁၅၉၈၅ ဦးရှိကြောင်း၊ ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းတွင် ကူးစက်မှုနှုန်းများ ၄၀ ရာခိုင်နှုန်း အထိမြင့်တက်ခဲ့သဖြင့် မိမိတို့အနေဖြင့် ကူးစက်မှုရာခိုင်နှုန်းခေါက်ချိုးအထိ ကျဆင်းစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀ ရာခိုင်နှုန်းခန့်သာ ကူးစက်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့အနေဖြင့် ရောဂါကူးစက်မှုနှုန်းများကို ထိန်းချုပ်နိုင်ရန်အတွက် ရောဂါပိုး ဆေးစစ်မှုများမှစ၍ အထူးအလေးပေးဆောင်ရွက်ခဲ့ကြောင်း၊  ရောဂါကူးစက်မှုနှုန်းများ ကျဆင်းသွားသော်လည်း လက်ရှိအချိန်တွင် လုံးဝပျောက်ကင်းသွား နိုင်သည့် ရောဂါမဟုတ်သည့်အတွက် ပေါ့ဆ၍မရကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သော မိန့်ခွန်းတွင်ပါရှိသည့် လှေပြိုင်ပွဲဥပမာအတိုင်း ပန်းတိုင်မရောက်ခင်တက်ထောင်သဖြင့် နောက်လှေမှ ကျော်တက်သွား၍ အောင်မြင်မှုနှင့် လွဲချော်နိုင်သည်ကို သင်ခန်းစာယူ၍ မဖြစ်သင့် မဖြစ်ထိုက်သည်များမဖြစ်အောင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့်  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အထူးအလေးထား ဆောင်ရွက်ကြ ရန်လိုကြောင်း။

နိုင်ငံတစ်ခု၏ အဓိကမောင်းနှင်အားသည် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေးအင်အားတို့ပင်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဩဇာအင်အားတောင့်တင်း သည့်နိုင်ငံများသည် နိုင်ငံရေးအရအင်အားတောင့်တင်းသည့်နိုင်ငံ၊ စစ်အင်အားရှိသည့် နိုင်ငံ၊ စီးပွားရေးအင်အားရှိသည့် နိုင်ငံများပင်ဖြစ်ကြောင်း၊ နိုင်ငံရေးအရဩဇာအာဏာ ရှိအောင်လည်း ကြိုးပမ်းဆောင်ရွက်ရကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်မှုရှိရန်အတွက် ကမ္ဘာ့နိုင်ငံများအချို့တွင် လည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ စစ်ရေးအရအင်အားတောင့်တင်းသည့် နိုင်ငံများ၊ စီးပွားရေးအရတောင့်တင်းသည့် နိုင်ငံများရှိကြကြောင်း၊ နိုင်ငံရေးနှင့်ကာကွယ်ရေးအတွက် Institution များက ဆောင်ရွက်ကြရကြောင်း၊ သို့သော်နိုင်ငံ၏စီးပွားရေးအတွက် တစ်နိုင်ငံလုံးက ကြိုးစားဆောင်ရွက်ကြ ခြင်းဖြစ်ပြီး စီးပွားရေး၏အကျိုးအား နိုင်ငံသူနိုင်ငံသား အားလုံးခံစားရခြင်း ဖြစ်သဖြင့် စီးပွားရေးမောင်းနှင်အားသည် နိုင်ငံတစ်ခု၏ အမှန်တကယ်အကျိုးရှိသည့် မောင်းနှင်အား ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏စီးပွားရေး ကောင်းမွန်စေရန်အတွက် လက်ရှိရင်ဆိုင် နေရသည့် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါအား ကျော်လွှားနိုင်ရန်လိုကြောင်း၊ လက်ရှိတာဝန်ယူဆောင်ရွက်နေသည့် တာဝန်ရှိသူများ အနေဖြင့် နိုင်ငံသာယာဝပြောရန်၊ တိုးတက်စေရန်နှင့် စီးပွားရေး ကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း။

ကျန်းမာမှအလုပ်လုပ်နိုင်မည်၊ ကျန်းမာမှပညာသင်ကြားနိုင်မည်ဖြစ်ပြီး ကိုဗစ် - ၁၉ ရောဂါရှိနေသမျှ ကျန်းမာရေးအရထိခိုက်နေမည်ဖြစ်ကြောင်း၊ နိုင်ငံသာယာဝပြော စေရန်အတွက် စီးပွားရေးကောင်းမွန်စေရန် အလုပ်လုပ်နိုင်ရန်လိုကြောင်း၊ အလုပ်လုပ်နိုင်ရန်အတွက် ကျန်းမာနေရန်လိုအပ်သဖြင့်  ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ဦးစားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စာသင်ကျောင်းများ ပိတ်ထားရသည်မှာ လခန့်ရှိပြီဖြစ်ကြောင်း၊ စာသင်ကျောင်းများဖွင့်မှသာ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပညာသင်ကြားရေး လမ်းကြောင်းပေါ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ပညာသင်ကြားရာတွင် စဉ်ဆက်မပြတ်သင်ကြား နေမှသာ တိုးတက်မှုရှိမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးလမ်းကြောင်းပေါ်တွင် အမြဲရှိစေချင်သဖြင့် အလေးပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်ပမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသဆေးများနှင့် အခြားလိုအပ်သည့် ဆေးဝါးများတင်သွင်းမှုနှင့် ပတ်သက်၍လည်း နှောင့်နှေးမှုများမရှိအောင် စီမံဆောင်ရွက်ပေး ထားကြောင်း၊ ဆေးရုံတိုင်းတွင် ကိုဗစ်-၁၉ ရောဂါအား ကုသနိုင်ရန်အတွက် ICU များ တည်ဆောက်ရေးအတွက်လည်းမှာကြား ထားပြီးဖြစ်ကြောင်း၊ ဆေးရုံများသပ်သပ်ရပ်ရပ်ဖြင့် အဆင့်ရှိရှိဖြစ်စေရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ စီမံဆောင်ရွက်သွားကြရန်လိုကြောင်း။

မိမိတို့နိုင်ငံ၏ အဓိကထုတ်ကုန်ပစ္စည်းသည် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပင်ဖြစ်ကြောင်း၊ သယံဇာတပစ္စည်းများအား ထုတ်လုပ်ရောင်းချခြင်းသည် ကန့်သတ်မှုများရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် သမာအာဇီဝနည်းဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြရန်လိုကြောင်း၊ ကမ္ဘာပေါ်တွင် လူဦးရေ ဘီလီယံခန့်ရှိသဖြင့် နိုင်ငံတိုင်းတွင် စားသောက်ကုန်များအမြဲလိုအပ် ချက်ရှိကြောင်း၊ ကမ္ဘာပေါ်တွင် စိုက်ပျိုးရေးနိုင်ငံများရှိပြီး နိုင်ငံတွင်းစားရေးအဆင်ပြေစေရန်နှင့် ပြည်ပဝင်ငွေရရှိရန် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်၍ ကမ္ဘာ့ဈေးကွက်မှ ပြည်ပဝင်ငွေရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံအတွင် မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းခန့်၊ နွေစပါးစိုက် ပျိုးဧက သန်းခန့် စိုက်ပျိုးကြောင်း၊ မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းတွင် တစ်ဧက တင်း ၁၀၀ နှုန်းထွက်ပါက လူဦးရေ သန်း ၁၀၀ အတွက် လုံလောက်မှုရှိကြောင်း၊ မိမိတို့နိုင်ငံ တွင် လူဦးရေ ၅၅ သန်းခန့်ရှိသဖြင့် လူဦးရေ ၄၅ သန်းစာ ပိုလျှံမှုရှိလာမည် ဖြစ်ကြောင်း၊ ပြည်ပသို့ဆန်များစွာ တင်ပို့နိုင်ကြောင်း၊ သို့သော် တစ်ဧကစပါးအထွက်နှုန်းတင်း ၁၀၀ မပြည့်သည့်အတွက် ပြည်ပနိုင်ငံများသို့ မျှော်မှန်းသလို တင်ပို့နိုင်မှုမရှိသည်ကို တွေ့ရှိရ ကြောင်း၊ စီးပွားရေးသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့်ကိစ္စဖြစ်ပြီး မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရေး သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် စနစ်တကျဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း၊ အလားတူ မိမိတို့ တာဝန်ယူသည့် ကာလအတွင်း စိုက်ပျိုးရေးတောင်သူများအား ထောက်ပံ့ကြေးပေးခြင်း၊ ချေးငွေများထုတ်ပေးခြင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ အရှုံးပေါ်မှုမရှိစေရေးအတွက်လည်း စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ သွင်းအားစုများ အသုံးပြုခြင်းနှင့် မျိုးကောင်းများအသုံးပြုပြီး ကောက်ကွက် ပြည့်အောင် စနစ်တကျစိုက်ပျိုးခြင်းဖြင့် စပါးများအထွက်နှုန်းတိုးစေရေး ဆောင်ရွက်နိုင်ခြင်းဖြင့် တောင်သူများဝင်ငွေ ပိုမိုကောင်းမွန်စေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက် စပါးစိုက်ပျိုးရေးနှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက်ကြရန်လိုကြောင်း။

စားသုံးဆီနှင့်ပတ်သက်၍ ပြည်တွင်း၌ ဆီဖူလုံမှုရှိရန်လိုအပ်ကြောင်း၊ ထို့ကြောင့် စားသုံးဆီများ ထွက်ရှိရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းများဖြစ်ထွန်း စေရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ဆီအဓိကထွက်ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ဆီထွက်သီးနှံများ စိုက်ပျိုးကြကြောင်း၊ အဆိုပါတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဆီအထွက်နှုန်းများ တိုးတက်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် အားပေး ဆောင်ရွက်ကြရန် လိုကြောင်း၊ အလားတူ ဝါစိုက်ပျိုးရေးနှင့်ပတ်သက်၍လည်း မျိုးကောင်းမျိုးသန့်များစိုက်ပျိုးခြင်းနှင့် လိုအပ်သည့် ရေနှင့်မြေဩဇာများရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ဝါအထွက်နှုန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်ပမှ ချည်များတင်သွင်းမှုကို လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ မောင်းနှင်အားတွင် စီးပွားရေးမောင်းနှင်အားသည် အရေးကြီး ကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသည် လက်ရှိအခြေအနေတွင် စိုက်ပျိုးရေး လုပ်ငန်းကိုအခြေခံသည့် စီးပွားရေးသည် အဓိကမောင်းနှင်အားတွင်ပါဝင်နေသဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ အနေဖြင့် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။

မိမိတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက် များအပေါ်တွင် အခြေခံဆောင်ရွက်နေခြင်းဖြစ်သဖြင့် ဝန်ကြီးဌာနများအနေဖြင့်လည်း အဆိုပါအချက်များအပေါ်တွင် အခြေခံ၍ စီမံခန့်ခွဲရေးနည်းလမ်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူသည့်ကာလအတွင်း ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းရပ်အသစ်များကို ဆောင်ရွက်ခြင်းထက် လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းရပ်များအား အောင်မြင်အောင် ဦးစားပေး ဆောင်ရွက် ကြရန်လိုကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ခရီးသွားလာမှုဆိုင်ရာကိစ္စရပ်များ၊ ပြည်သူများစွမ်းရည်ရှိအောင် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ ဆောက်လုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား အောင်မြင်အောင် ရည်မှန်းချက်ထား ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ပြည်နယ်နှင့်တိုင်း ကွာခြားမှု၊ ကျေးလက်မြို့ပြကွာခြားမှုများကို လျှော့ချရန် မိမိအနေဖြင့်အမြဲပြောကြားခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ဒေသအားလုံး တပြေးညီတိုးတက်စေရန် ဆန္ဒရှိကြောင်း၊ လိုအပ်ချက်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ပိုမိုအလေးပေး ဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝန်ကြီးဌာနများအားလုံးမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံစဉ်းစား၍ အဓိကလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး၊ အောင်မြင်မှုရှိစေရေးနှင့် တိုးတက်မှုရှိစေရေး စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက်ရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံပိုင်စက်ရုံများ ရပ်ဆိုင်းထားရသည့်အတွက် တိုင်းပြည်အတွက် ထိခိုက်နစ်နာမှုများစွာရှိကြောင်း၊ သို့ဖြစ်၍ အကြောင်းအမျိုးမျိုး ကြောင့် ရပ်ဆိုင်းထားသည့် နိုင်ငံတော်ပိုင်စက်ရုံများအား ပြန်လည်လည်ပတ်နိုင်ရေး အတွက်  ကုန်ကြမ်းများရရှိမှု၊ သွင်းအားစုများရရှိမှုနှင့် ဈေးကွက်ရရှိရေးအပေါ် သုံးသပ် တွက်ချက်၍ဆောင်ရွက် သွားရမည်ဖြစ်ပြီး ထုတ်ကုန်များကိုလည်း အရည်အသွေးပြည့်မီ အောင် ထုတ်လုပ်သွားရန်လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်ပစ္စည်းများ လေလွင့်ဆုံးရှုံးမှု များစွာရှိကြောင်း၊ သို့ဖြစ်၍ တာဝန်ရှိသူများအဆင့်ဆင့်က နိုင်ငံပိုင်ပစ္စည်းများ လူ၏ပေါ့လျော့မှုကြောင့် လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ဝန်ထမ်းအားလုံး အသိတရားရှိရှိဖြင့် စေ့စေ့စပ်စပ်သုံးစွဲနိုင်ရေး အသိပေးဆောင်ရွက် သွားကြရန်လိုကြောင်း၊ ဆောက်လုပ်ဆဲ ဝန်ထမ်းအိမ်ရာများ၊ အငှားအိမ်ရာများနှင့် အဆောက်အဦများ တစ်လုံးချင်း သတ်မှတ်ချိန် အတွင်းပြီးစီးအောင် ဆောင်ရွက်သွား ဩကြရန်လိုကြောင်း၊ ထို့ပြင် အခြေခံဖြစ်သည့် ရေနှုတ်မြောင်း၊ လမ်း၊ ပလက်ဖောင်း၊ ရေနှင့် မိလ္လာစနစ်တို့ကို ကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ပတ်ဝန်းကျင်စိမ်း လန်းစိုပြည်ရေးအတွက်လည်း လုပ်ဆောင်သွားကြရန်လိုကြောင်း၊ ဝန်ထမ်းအိမ်ရာများနှင့် ဘေးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက် သွားရန်လိုကြောင်း မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ပထမအကြိမ်တွင် ဒသမ သန်း၊ ဒုတိယအကြိမ်တွင် ဒသမ သန်းကျော် ထိုးနှံနိုင် ခဲ့ပြီဖြစ်ကြောင်း၊ ယခုလအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်းရောက်ရှိမည်ဖြစ်ပြီး လာမည့် အောက်တိုဘာတွင် ကာကွယ်ဆေး  ၁၀ သန်းနှင့် နိုဝင်ဘာလတွင် ကာကွယ်ဆေး သန်း ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် လိုအပ်သည့် ကိုဗစ်-၁၉ ကာကွယ် ဆေးများ ထပ်မံဝယ်ယူနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း။

ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်ပြီး နှောင့်နှေးမှုမရှိအောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့်အခြားဆေးပစ္စည်းများဝယ် ယူမှုနှင့်ပတ်သက်၍ အမေရိကန် ဒေါ်လာ ၁၆၉ သန်းအကုန်အကျခံဝယ်ယူခဲ့ပြီး ဆေးရုံ၊ ဆေးခန်းပြုပြင်ခြင်း၊ ကိုဗစ်စင်တာ များနှင့် လူမှုရေးအဖွဲ့အစည်းများအတွက် ငွေကျပ် ၅၆၆ ဘီလီယံသုံးစွဲခဲ့ကြောင်း၊ ထို့ပြင် အထွေထွေ ကိစ္စများအတွက် အမေရိကန်ဒေါ်လာ သိန်းကျော်ကိုလည်း သုံးစွဲခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် သုံးစွဲရန် ဘဏ္ဍာငွေကိုလည်း အဆင်သင့်ပြင်ဆင် ထားကြောင်း၊ ထို့အတွက် တာဝန်ရှိသူ များအနေဖြင့် အကျိုးရှိရှိ လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နေထိုင်သည့်ဒေသများတွင်လည်း ထိုးနှံပေးနိုင်ရန် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး တိုင်းရင်းသားလက်နက်အဖွဲ့အစည်း အချို့အနေဖြင့် အကြောင်းအမျိုးမျိုးပြကာ NCA သဘောတူညီချက်များကို ချိုးဖောက် မှုများရှိသော်လည်း မိမိတို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား နိုင်ငံသားများ၏ ရပိုင်ခွင့်များနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ဆက်သွယ်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုနှင့် ပတ်သက်ပြီး  မည်သူတစ်ဦး တစ်ယောက်ကိုမျှ မကျန်စေလိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်ဒေသများအပြင် ရခိုင်ပြည်နယ်ရှိ အကျုံးဝင်သူများကိုလည်း ကာကွယ် ဆေးထိုးနှံပေးနိုင်ရေး စီစဉ်လျက်ရှိကြောင်း၊ မိမိအနေဖြင့် နိုင်ငံရေးအရ ဆောင်ရွက် ပေးနေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေး၊ အမျိုးသားအရေးနှင့် နိုင်ငံ့အတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ပါတီစွဲ၊ လူပုဂ္ဂိုလ် အစွဲမထားဘဲ လူသားတစ်ယောက်အနေဖြင့် တာဝန်သိသိ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ တိုင်းပြည် သာယာ၀ပြောရေး ဆောင်ရွက်ရာတွင် အားလုံးပါဝင်နိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတကာနှင့် ဆက်ဆံရာတွင် နိုင်ငံ၏ဂုဏ်သိက္ခာနှင့်အညီ  ဆောင်ရွက်နေခြင်းကို အချို့သောပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက မျက်ကွယ်ပြု၍ဆောင်ရွက်နေကြကြောင်း၊ ပြည်ပနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်နေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် နယ်စပ်ဒေသဆက်ဆံရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး နိုင်ငံတကာ ကတိကဝတ်၊ သဘောတူညီချက်များနှင့်အညီ  ပြောဆိုပြုမူ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် ကိစ္စရပ်များကို ရှောင်ရှားကြရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ ဂုဏ်သိက္ခာမြင့်မားစေရန် တာဝန်ရှိသူများအနေဖြင့် ကဏ္ဍအလိုက် တိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပြီး နိုင်ငံတော် ဘဏ္ဍာငွေများကို သုံးစွဲရာတွင် ပကာသနကိုလျှော့ချ၍ ချွေတာရေး နည်းလမ်းများနှင့်အညီ အမှန်တကယ်အကျိုးရှိသည့် လုပ်ငန်းများကို လုပ်ဆောင်သွားကြရန် လိုကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန်  ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး၊  ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့်   အောက်ခြေအထိ ထိတွေ့ဆက်ဆံသွားကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၏ ဦးဆောင်မှုကို ပြည်သူလူထုက ယုံကြည်အားကိုးလာစေရန် ယခုထက် ပိုမိုကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်။

(သတင်းစဉ်)