Skip to main content

လေကြောင်းပို့ဆောင်ရေးကဏ္ဍ ခံနိုင်ရည်ရှိမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးတို့အတွက် ကာလလတ်နှင့် ကာလရှည်တွင် ဆောင်ရွက်သွားမည့်အစီအမံများ ဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၂

 

အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (International Civil Aviation Organization-ICAO) က ကြီးမှူး၍ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် High-level Conference on COVD-19 (HLCC 2021) ပိတ်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီကပြုလုပ်ရာ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယ ဝန်ကြီး ဦးအောင်ကျော် ထွန်း ပါဝင်တက်ရောက်သည်။

 

အဆိုပါ HLCC 2021 သည် အောက်တိုဘာ ၁၂ ရက်မှစတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ပိတ်ပွဲအခမ်းအနားကို ကျင်းပခြင်း ဖြစ်သည်။ အခမ်းအနားကို အစီအစဉ် ငါးခုဖြင့်ကျင်းပရာ ပထမဦးစွာ အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr. Salvatore Sciacchitanom အမှာစကား ပြောကြားသည်။ ယင်းနောက် လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဘေးကင်းလုံခြုံရေးနှင့် လွယ်ကူချောမွေ့စေရေး ကဏ္ဍအသီးသီးတွင် ဆွေးနွေးခဲ့သည့် ရလဒ်များ ကို ICAO တာဝန်ရှိသူ များက တင်ပြသည်။

 

ဆက်လက်၍ အဖွဲ့ဝင်နိုင်ငံများ၏ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ဖြည့်စွက်ဆွေးနွေး ကြရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက ကမ္ဘာ့ဒေသအသီး သီးသို့ ကနဦးလေကြောင်း ပျံသန်းမှုများ စတင်နိုင်ရေးအတွက် ပိုမိုတိုးမြှင့်ကြိုးပမ်းရန်၊ လေကြောင်းခရီးသည်များအား ကာကွယ်ဆေး ထိုးနှံရန်နှင့် ဆက်စပ်နေသည့် ကပ်ရောဂါ ကူးစက်မှု လျော့ပါးရေး လုပ်ငန်းများ စသော ကာလတိုအစီအစဉ်များအပါအဝင်လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ခံနိုင်ရည်ရှိမှုနှင့် စဉ်ဆက်မပြတ်ဖွံ့ ဖြိုးရေးတို့ အတွက် ကာလလတ်နှင့် ကာလ ရှည်တွင် ဆောင်ရွက်သွားမည့် အစီအမံ များကို ဆွေးနွေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ပေါ်ပေါက်လာသော လေကြောင်းပို့ဆောင်ရေးကဏ္ဍ၏ အခက်အခဲ များအား ဘေးကင်း လုံခြုံမှုအစီအမံများနှင့် လွယ်ကူ ချောမွေ့စေရေး အစီအမံများချမှတ်၍ နိုင်ငံတကာ လေကြောင်း ပျံသန်းမှုများ ဆောင် ရွက်သွားမည့်အပေါ် ကြိုဆိုပါကြောင်း၊ မြန်မာ နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ပြည့်မီရေး ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်၏ လမ်းညွှန်ချက်များ၊ နည်းပညာလွှဲပြောင်း ပေးမှု အကူအညီများသည် လွန်စွာအရေးပါမှုရှိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်လည်း အပြည် ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်၏ No country left behind ဆောင်ပုဒ်နှင့်အညီ လေကြောင်းကဏ္ဍ ဘေးကင်း လုံခြုံ၍ စွမ်းဆောင်ရည်ရှိစွာ ပြန်လည် တည်ထောင်နိုင်ရေး၊ ခံနိုင် ရည်ရှိရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ စီမံခန့်ခွဲမှုနှင့်အတူ ဘေးကင်းလုံခြုံပြီး စွမ်းဆောင် ရည်ပြည့်ဝ သည့် လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ပြန်လည် တည်ထောင်နိုင်ရေးကို အဖွဲ့ဝင်နိုင်ငံများ အားလုံး အတူတကွလက်တွဲ ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေး သည်။

 

ယင်းနောက် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် ဝန်ကြီးအဆင့် အစည်းအဝေး ကြေညာချက် Ministerial Declaration of High-level Conference on COVID-19 ကို အတည်ပြုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်