Skip to main content

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ် ကထိန်သင်္ကန်း ဆပ်ကပ် လှူဒါန်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇ မဟာ ရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ အမှူးပြုသည့် ဩဝါဒါစရိယ ဆရာတော်ကြီး များအပါအဝင် ပင့်ဖိတ် ထားသည့် ဆရာတော်ကြီး ၁၈ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ နှင့်ဇနီးများ၊ အတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူး နှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီး ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊  ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥ က္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

လှည့်လည်ကြည့်ရှု

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက် လာသည့် ဧည့်ပရိသတ်တို့သည် ကထိန်ခံအောင်စည်သာ ပရိယတ္တိ စာသင်တိုက်သို့ လှူဒါန်းရန် ခင်းကျင်းပြင်ဆင်ထားသည့် ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ပဒေသာပင် များအား လှည့်လည်ကြည့်ရှုကြသည်။

ဖူးမြော်ကြည်ညို

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် သာသနာ့မဟာဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးတို့ကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် ပေါက်မြိုင် ဆရာ တော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွား သရဇ္ဈာယ်တော်မူသော ‌မေတ္တာသုတ် ပရိတ်တရားတော်များကိုနာယူကြသည်။

ဆပ်ကပ်လှူဒါန်း

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ပေါက်မြိုင်ဆရာတော်ကြီးထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဘောဇဉ်များကို လည်းကောင်း၊ ကထိန်အလှူခံကျောင်း အောင်စည်သာ ကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တ ဝိစက္ခဏထံ ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဘောဇဉ်များကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်နှင့် ဇနီးတို့သည် တပ်ကုန်းမြို့၊ မဟာသီဟနာဒ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အာစိဏ္ဏ ထံသို့ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဘောဇဉ်များကို ဆက်ကပ် လှူဒါန်းပြီး အခမ်းအနား တက်ရောက်လာကြသည့် ကောင်စီဝင်များနှင့် အတွင်းရေး မှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ပြည်ထောင်စုတရားသူကြီးချုပ်တို့က ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဘောဇဉ် များကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်အပေါင်းတို့သည် ပေါက်မြိုင်ဆရာ တော်ကြီးထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်း လောင်း အမျှပေးဝေကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ၂၀၂၁ ခုနှစ် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ပဒေသာပင် ၄၂ ခုနှင့် လှူဒါန်းငွေများ စုစုပေါင်းတန်ဖိုးငွေကျပ် ၉၇၆၄၃၇၅၀ ဖြစ် ကြောင်း သတင်းရရှိသည်။

သတင်းစဉ်