Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နို့စားနွားမွေးမြူရေးစီမံကိန်း(ထုံးဘို)နှင့် မာဘယ်ကျောက်ပြား ထုတ် လုပ်ရေးစက်ရုံ (မန္တလေး)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင် များ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ မန္တလေးတိုင်းဒေသကြီးရှိ နို့စားနွားမွေးမြူရေး စီမံကိန်း (ထုံးဘို)နှင့် မာဘယ်ကျောက်ပြား ထုတ်လုပ်ရေးစက်ရုံ(မန္တလေး)တို့သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နို့စားနွားမွေးမြူရေးစီမံကိန်း(ထုံးဘို)သို့ ရောက်ရှိကြပြီး စီမံကိန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက မွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ မြေမဲ့စနစ်(Hydroponic Fodder)ဖြင့် အစာစိမ်းများ ကျွေးမွေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ထွက်ရှိလာသည့် နွားနို့များကို ဖြန့်ဖြူးပေးလျက် ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မွေးမြူရေးစခန်းများ ဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်သည် နယ်မြေခံ တပ်မတော်သားများနှင့် ဒေသခံပြည်သူလူထုတို့ အသားငါးများကို ဈေးနှုန်း သက်သာစွာဖြင့် ပြည့်ပြည့်ဝဝစားသောက်နိုင်စေရေးအတွက်ဖြစ်ပြီး အမြတ်အတွက် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း၊ သက်သာချောင်ချိရေးကို အဓိကထား စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မန္တလေးမြို့တွင် လူဦးရေ ၁ သန်းခွဲခန့်ရှိပြီး နို့နှင့် နို့ထွက်ပစ္စည်းလိုအပ်ချက်၊ အသားလိုအပ်ချက်များကို တစ်ဖက်တစ် လှမ်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ ဈေးနှုန်းသက်သာပြီး အရည်အသွေး ပြည့်မီသည့် နို့နှင့် အသားများကို ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းထား များဖြင့် ရောင်းချပေးနိုင်ရမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများမှ နို့ထွက်ပစ္စည်းတင်သွင်း နေရမှုများကို လျှော့ချပြီး ပြည်တွင်း၌ပင် လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ကျွေးမွေးသည့်အစာများ၏ ကြီးထွားမှုအပေါ်သက်ရောက်မှု၊ နို့ထွက်နှုန်းအပေါ် သက်ရောက်မှု တို့အား ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေး၍ စနစ်တကျကျွေးမွေးဆောင်ရွက်ရန် လိုကြောင်း၊ ဖြည့်ဆည်းပေးထားသည့် အခြေခံ အဆောက်အဦများကို ထိရောက်အကျိုးရှိစွာ အသုံးချ၍ ထိုးထွင်းကြံဆမှုဖြင့် လုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနှင့် အစာကို ပြည့်မီအောင် ကျွေးမွေးပြီး သန့်ရှင်းသပ်ရပ်စွာနှင့် ကျန်းမာအောင် ထားမည်ဆိုပါက နို့အထွက်နှုန်း လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ပတ်သက်၍ စနစ် တကျသုံးစွဲရန်နှင့် အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ LED မီးနှင့် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူ သုံးစွဲနိုင်ရေး အတွက်လည်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဒေသ၏ နို့ထွက်ပစ္စည်းနှင့် အသားလို အပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေး နိုင်ရေးအတွက် စီမံကိန်းလုပ်ငန်းအဆင့်များကို အောင်မြင်အောင် လေ့လာကြံဆပြီး လုပ်ကိုင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နို့စားနွားမွေးမြူရေးစီမံကိန်းအတွင်း ဆောင်ရွက်နေမှု အခြေအနေ များအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မာဘယ်ကျောက်ပြားထုတ်လုပ်ရေး စက်ရုံ (မန္တလေး)သို့ ရောက်ရှိကြပြီး စက်ရုံအတွင်း နေပြည်တော်တွင် တည်ထား ကိုးကွယ်မည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော် အတွင်းအသုံးပြုမည့် ကျောက်ပြားများ နှင့် ကျောက်စာချပ်များ ထုတ်လုပ်နေမှု အခြေအနေများ၊ မန္တလေး၊ မဟာမြတ်မုနိဘုရားကြီး နှင့် ကုသိုလ်တော်ဘုရားကြီး ရင်ပြင်တော်တွင် ခင်းကျင်းမည့် နေပူခံကျောက်ပြားများထုတ်လုပ်နေမှုအခြေအနေများနှင့် CNC Machine များကို အသုံးပြု၍ ဆင်းတုတော်များနှင့် ရုပ်တု၊ ရုပ်ထွင်းများ ထုတ်လုပ်နေမှု အခြေအနေ များကိုကြည့်ရှုရာ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် စက်ရုံမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ ရှင်းလင်း တင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ပြီး စက်ရုံ ဝန်ထမ်းများ အတွက် ချီးမြှင့်ငွေ များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်