Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် တန်ခိုးကြီးဘုရားများကို ဖူးမြော်ကြည်ညိုပြီး ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မိုင်းယောင်း   ဒီဇင်ဘာ   ၃၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်နှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့၏ တန်ခိုးကြီးဘုရားများကို ဖူးမြော်ကြည်ညိုပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထပ်လုံစေတီတော်နှင့် ရွှေညောင်ပင်ကို သွားရောက်ဖူးမြော် ကြည်ညိုပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ထပ်လုံစေတီသွားလမ်း ကတ္တရာခင်းမည့်နေရာများ၊ မိုင်းယောင်း-မိုင်းယုသွားလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကတ္တရာလမ်း တိုးချဲ့ခြင်းလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း