နေပြည်တော် ဇူလိုင် ၇
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၈) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက အမှာစကားပြောကြားပြီး ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူးက ပိုးသတ်ဆေးနည်းပညာကော်မတီ၏ စိစစ်ထောက်ခံချက်ဖြင့် ပိုးသတ်ဆေးမှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားလွှာများကို တင်ပြရာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ၊ ကော်မတီဝင်များနှင့် အစည်းအဝေးတက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
ယနေ့ကျင်းပသည့် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၈) ကြိမ်မြောက် အစည်းအဝေးတွင် ပိုးသတ်ဆေးအမျိုးပေါင်း ၁၇၉ မျိုးကို အတည်ပြုပေးနိုင်ရေးစိစစ် ဆွေးနွေးကြပြီး (၄၇) ကြိမ်မြောက် အစည်းအဝေးကျင်းပပြီးစီးသည့် အချိန်အထိ ပိုးသတ်ဆေးစုစုပေါင်း ၄၆၇၀ ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ပိုးသတ်ဆေးဆိုင်ရာ စံသတ်မှတ်ချက်များ၊ ညွှန်ကြားချက်များ ထုတ်ပြန်ပေးခြင်းအပါအဝင် စိုက်ပျိုးရေး ထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းစင်ရေးအတွက် ထိန်းကျောင်းကြပ်မတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ပိုးသတ်ဆေးမှတ်ပုံတင်ခြင်း လုပ်ငန်းများ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်စေရေးအတွက် ၂၀၂၁ ခုနှစ်မှ စတင်၍ (Myanmar Agricultural Import Registration System (MAIRS)) Online System စနစ်ဖြင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သတင်းစဉ်