မန်ယူက နော်တင်ဟမ်ကို အနိုင်ယူပြီး အဆင့် (၃) တွင် ဆက်လက်ရပ်တည်

 

 

မန်ယူအသင်းသည် ပရီမီယာလိဂ် ပွဲစဉ် (၃၇)တွင် နော်တင်ဟမ်ဖောရက်စ်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲရယူပြီး ရမှတ် ၆၈ မှတ်ဖြင့် အဆင့် (၃)တွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်ကို မေ ၁၇ ရက် ညပိုင်းက အိုးထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။

 

ယင်းပွဲစဉ်တွင် မန်ယူအသင်းကွင်းလယ်ကစား သမား ဘရူနို ဖာနန်ဒက်စ်သည် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအကြိမ် (၂၀) ဖြင့် စံချိန်တင်ထားသော သီယာရီ ဟင်နရီနှင့် ကီဗင်ဒီဘရိုင်းတို့၏ စံချိန်ကိုလိုက်မီခဲ့သည်။ ဖာနန်ဒက်စ်သည် တစ်ပွဲကစားရန် ကျန်ရှိနေသေးသည့်အတွက် အဆိုပါစံချိန်ကိုကျော်ဖြတ်ကာ စံချိန်မှတ်တမ်းသစ် ရေးထိုးသွားဖွယ် ရှိသည်။

 

မန်ယူအသင်းသည် ပွဲအစပိုင်းကတည်းက နော်တင်ဟမ်အသင်းကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး သွင်းဂိုးများ ရယူနိုင်ခဲ့ သည်။ နော်တင်ဟမ် အသင်း၏ ထိုးဖောက်တိုက်စစ်ဆင်မှုများကလည်း မန်ယူအသင်း ခံစစ်နှင့် ဂိုးသမား လန်းမန်းစ်တို့ အခက်တွေ့စေခဲ့သည်။

 

မန်ယူအသင်းအတွက် သွင်းဂိုးများကို လုခ်ရှော၊ ကွန်ညာနှင့် အမ်ဘူမိုတို့က သွင်းယူပေးခဲ့သည်။ နော်တင်ဟမ်အသင်း အတွက် သွင်းဂိုးများကို မိုရာတိုနှင့် ဂစ်ဝှိုက်တို့က သွင်းယူပေးခဲ့သည်။

အောင်ဇော်