ကလပ်နှင့်နိုင်ငံအသင်းအတွက် သွင်းဂိုး ၆၃ ဂိုးအထိရှိလာသည့် ဟယ်ရီကိန်း

 

 

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်ကစားသမား ဟယ်ရီကိန်းသည် ရာသီသိမ်းပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ် က ကိုလုံး အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သောပွဲစဉ်တွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သောကြောင့် ယခုနှစ်ရာသီ ဘွန်ဒက်စ်လီဂါတွင် လေးကြိမ်မြောက် ဟက်ထရစ်ကို ရယူနိုင်ခဲ့သည်။ ထို့ကြောင့် ဟယ်ရီကိန်းသည် ဘွန်ဒက်စ်လီဂါ ၃၁ ပွဲတွင် ၃၆ ဂိုးအပါအဝင် ၂၀၂၅-၂၀၂၆ ရာသီတွင် ကလပ်နှင့် နိုင်ငံအသင်းအတွက် သွင်းဂိုးပေါင်း ၆၃ ဂိုးအထိ ရှိလာပြီ ဖြစ်သည်။ ၎င်းသည် ဘွန်ဒက်စ်လီဂါ သမိုင်းတစ်လျှောက်တွင် သုံးရာသီဆက် ဂိုးသွင်းအများဆုံးဆုရရှိသည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။