၂၀၂၀ ပြည့်နှစ်အတွက်အမျိုးသားစာပေဆု အဖွဲ့ငယ် (ပဏာမအဆင့်) အစည်းအဝေးကျင်းပ
၂၀၂၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ချီးမြှင့်နိုင်ရန် ပဏာမအဆင့် စိစစ်ရွေးချယ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ရာ သက်ဆိုင်ရာဘာသာရပ် အလိုက် ပဏာမအဆင့် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၉ ရက် နံနက် ၁၀:ဝဝ နာရီက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ စာပေဗိမာန်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။