၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ အတွဲ(၅၂)၊ အမှတ်(၁၂) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။ စာစောင်ကို အမည်ပြောင်းလိုက်သလို အတွင်းပိုင်းတွင်ပါဝင်သော စာမူများကိုလည်း အပိုင်းခွဲ၍ ဖော်ပြထားပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးမှသည် အမျိုးသားအားကစားအဆင့် မြင့်မားရေးဆီသို့” ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး မှသည် အမျိုးသားအားကစား အဆင့်မြင့်မားရေးဆီသို့၊ အားကစားအဆင့်မြင့်မားဖို့ နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်စို့၊ လူငယ်ရေးရာကဏ္ဍတွင် အသိပညာ၊ နောက်ဆုံး ဝီစီ၊ ဘာတွေလုပ်ရင် ကြီးပွား တိုးတက်မှာလဲ၊ ဘဝတစ်သက်တာ သင်ယူရေး၊ အမှတ်တရ ညစာ၊ ရင်သွေးတို့ စာဖတ်ဝါသနာပါစေဖို့၊ ကျောင်းစာကြည့်တိုက်မှသည် စာဖတ်ခြင်း အလေ့အထသို့၊ ကလေးများစာကျက်ရေး တွန်းအားပေး၊ ကဗျာကဏ္ဍတွင် ပါရှန်ကဗျာစာဆို အိုမာခယမ်၏ ရူဘီယတ်ကဗျာများ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် စိတ်စေတသိက်နှင့် သိပ္ပံ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ကျွန်းနိုင်ငံများ၊ စီးပွားရေး ဆိုင်ရာကဏ္ဍတွင် ပထဝီစီးပွားရေးက အမေရိကန်၊ အီးယူ၊ တရုတ်နှင့် အိန္ဒိယတို့တွင် မူဝါဒကို ဘယ်လို ပုံဖော်နေသလဲ၊ သဘာဝပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ဖားတို့၏ ထူးခြားသော မျိုးပွားနည်းများ၊ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် ဝိုင်းဝန်းကာကွယ် မူးယစ်အန္တရာယ်၊ လူကုန်ကူးမှုဆိုင်ရာကဏ္ဍတွင် ဆေးခြောက်ခြံသို့ လူကုန်ကူးခံရခြင်း၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၈၄)၊ ဝတ္ထုတိုကဏ္ဍတွင် ဟိုအဝေးဝယ် ကလေးငယ်၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အသက်လက်ဆောင်၊ အွန်လိုင်းလူလိမ်၏ ပစ်မှတ်က ကျွန်မအမေ၊ ပတ်ဝန်းကျင်ကို အရောင်ပြောင်းသူများ၊ အထွေထွေကဏ္ဍတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်၊ ခရီးသွားလုပ်ငန်းနှင့် ခရီးသွားခြင်းအကျိုး၊ စားသုံးသူကို စွဲသွားစေသော ကွမ်းယာ၊ ဟာသ စသည်ဖြင့် ကဏ္ဍမျိုးစုံ ဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်စာအုပ်ဆိုင်၊ ဖုန်း ၀၉-၄၄၉၅၄၀၆၆၇၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ဝ၁-၈၂၄၉ဝ၃၁၊ ၀၁- ၈၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂-၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၈၂၄၉ဝ၃၁၊ ၀၁-၈၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။