ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
Mar 19, 2024
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့၌ ပါဝင်ချီတက်ကြမည့် တပ်မတော်စစ်ကြောင်းကြီးများအား ခမ်းနားစွာကြိုဆိုဂုဏ်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
Mar 19, 2024
မြန်မာနိုင်ငံ စာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant – CPA) (ပထမပိုင်း) သင်တန်း အမှတ်စဉ် (၄၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝရတ်ခန်းမ၌ Hybrid System ဖြင့် ကျင်းပသည်။
Mar 19, 2024
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ထိုင်းနိုင်ငံ Pearl Vacations Co., Ltd မှ CEO ဖြစ်သူ Mr. Komsan Tungthirasuk ဦးဆောင်သော ထိုင်းနိုင်ငံ၏ နာမည်ကျော်အနုပညာရှင်များနှင့် ခရီးသွားမှတ်တမ်းရိုက်ကူးရေးပညာရှင်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
Mar 19, 2024
မြန်မာ - ရုရှား နှစ်နိုင်ငံပြည်သူများ ချစ်ခင်ရင်းနှီးမှုနှင့် ကူးလူးဖလှယ်ဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်လာစေရေး မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့များ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
Mar 19, 2024
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ အေးသာယာစက်မှုဇုန်ရှိ စိန်ငွေမြ (CP) အစာစပ်စက်ရုံ၊ လူမှုဖူလုံရေးဆေးခန်းနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရုံးများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြားသည်။
Mar 19, 2024
နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂ဝ၂၄) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ နာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ကော်မတီအတွင်းရေးမှူး၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။
Mar 19, 2024
တနင်္သာရီတိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကဏ္ဍများ ထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ ကျင်းပသည်။
Mar 19, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၏ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် - ၁၀၀၀ ဆေးပဒေသာပင်သို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများရှိ ဝန်ထမ်းများက လှူဒါန်းသော အလှူငွေကျပ် ၇၇၀၀၀၀၀ ကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် - ၁၀၀၀ တပ်မှူး ဗိုလ်မှူးချုပ် အောင်မြတ်ကျော်ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
နောက်ဆုံးရသတင်းများ
Mar 19, 2024Latest News
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တ
Mar 19, 2024Latest News
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့၌ ပါဝင်ချီတက်ကြမည့် တပ်မတော်စစ်ကြောင်းကြီးများအား ခမ်းနားစွာကြိုဆိုဂုဏ်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်း
Mar 19, 2024Latest News
မြန်မာနိုင်ငံ စာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant – CPA) (ပထမပိုင်း) သင်တန်း အမှတ်စဉ် (၄၈) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်
Mar 19, 2024Latest News
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ထိုင်းနိုင်ငံ Pearl Vacations Co., Ltd မှ CEO ဖြစ်သူ Mr. Komsan Tungthirasuk ဦးဆောင်သော ထိုင်းနိုင်ငံ၏ နာမည်ကျော်အနုပညာရှင်များနှင့် ခရီးသွားမှ
Mar 19, 2024Latest News
မြန်မာ - ရုရှား နှစ်နိုင်ငံပြည်သူများ ချစ်ခင်ရင်းနှီးမှုနှင့် ကူးလူးဖလှယ်ဆက်ဆံမှုများ တိုးမြှင့်လုပ်ဆောင်လာစေရေး မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရ
ဆောင်းပါးကဏ္ဍ
- Mar 19, 2024၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပါ ရည်ရွယ်ချက်များ၌ “မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုများကို နိုင်ငံတော်နှင့် နိုင်ငံသားတို့က အသိအမှတ်ပြုနိုင်ရန်” ဆိုသည့် ရည်ရွယ်ချက်ပါဝင်ပါသည်။
- Mar 18, 2024လွန်ခဲ့သောလေးနှစ်ခန့်က လေးမျက်နှာမြို့နယ် ခတ္တူကျေးရွာနှင့် ခုံကြီးကျေးရွာအကြားရှိ ဝါးတံတားလေးပေါ်မှာ ခြေစုံရပ်၍ ပတ်ဝန်းကျင်တစ်ခွင် ငေးမောကြည့်ရှုရင်း နောင်တစ်ချိန်သည်နေရာ၊ သည်တံတားကို ပြုပြင်တည်ဆောက်ပေးခွင့်ရလျှင် ကောင်းလေစွဟု အတွေးဝင်ခဲ့ဖူးသည်။
- Mar 18, 2024နွေဦးကာလဖြစ်သော တပေါင်းလသည် မြန်မာတစ်ဆယ့်နှစ်လရာသီတွင် နောက်ဆုံးလဖြစ်သည်။ “တ”ဟူသော အဓိပ္ပာယ်မှာ တန်း၊ ထန်း၊ ထန်းပင်ဖြစ်၍၊ “ပေါင်း”ဟူသော အဓိပ္ပာယ်မှာချက်သည်၊ ကျိုသည်ဖြစ်သည်။ ထို့ကြောင့် “တပေါင်းလ”၏ အဓိပ္ပာယ်မှာ ထန်းချက်သမားများ ထန်းရည်ကျိုသောလ၊ ထန်းချက်သောလဖြစ်ပါသည်။ အချို့ကထန်းပေါင်းလဟုလည်း ခေါ်ကြသည်။ အကြောင်းမှာ ထန်းပင်ဖိုမှရသော ညှပ်ရည်နှင့် ထန်းမပင်မှရသော သီးနုရည်တို့ကို ပေါင်းစပ်ချက်သဖြင့် ထန်းဖိုရည်နှင့် ထန်းမရည် ပေါင်းစပ်ကျိုချက်သောလဖြစ်သဖြင့် “ထန်းပေါင်းလ”ဟုခေါ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာတစ်ဆယ့်နှစ်လရာသီ နောက်ဆုံးလသည် ထန်းပေါင်း၊ ထပေါင်း၊ ထိုမှတဖြည်းဖြည်း ရွေ့လျောလာရာမှ တပေါင်းလဟု အမည်တွင်လာသည်။
- Mar 18, 2024ဆန်းသစ်တီထွင်မှုသည် တီထွင်မှုများ၏ အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ယနေ့ခေတ်တွင် နယ်ပယ်ကဏ္ဍအသီးသီးတွင် ဆန်းသစ်တီထွင်မှုများ အများအပြားပေါ်ထွန်းလျက်ရှိပြီး ခေတ်မီနည်းပညာများကြောင့် လူမှုအသိုက်အဝန်းတွင် ဖွံ့ဖြိုးတိုးတက်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိနေရခြင်းဖြစ်ပေသည်။
- Mar 18, 2024မြန်မာနိုင်ငံမှာ နွေရာသီက အခုမှမတ်လလယ်ရှိသေးတယ် ရန်ကုန်မှာတော့ အတော်ပူပြင်းလာပြီ။ နံနက် ၉ နာရီကျော် ၁၀ နာရီဆိုတာနဲ့ နေမင်းကြီးက လင်းထိန်လာပြီး ညနေနေစောင်းတဲ့အထိ တောက်လျှောက် ချစ်ချစ်တောက်ပူတော့တာပါပဲ။ လူကြီးတွေသာမက လူငယ်တွေပါ ထီးကိုယ်စီနဲ့ ရန်ကုန်နွေရဲ့အပူဒဏ်ကို အန်တုနေကြရတယ်။
- Mar 18, 2024“ကမ္ဘာ့နိုင်ငံများတွင် ရေဖူလုံမှုမရှိဘဲ ရေချိုဂေဟစနစ်၊ အသက်မွေးဝမ်းကျောင်းမှုနှင့် လူသားတို့၏ ကောင်းကျိုးချမ်းသာများကို မပေးစွမ်းနိုင်” ဟု ကုလသမဂ္ဂရေ၊ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းမှ အကြီးတန်းရေလုံခြုံရေး သုတေသီ ဒေါက်တာ ချာလော့တီ မက်အလစ္စတာက ကမ္ဘာ့ရေဖူလုံမှုအခြေအနေစစ်တမ်း ၂၀၂၃ တွင် မှတ်ချက်ပြုခဲ့သည်။