Skip to main content

Mar 19, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ ကျေးရွာသစ်လှုပ်ရှားမှုအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 19, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်းရှိ ဓာတ်အားစနစ်ကာကွယ်ရေးနှင့် လျှပ်စစ်စမ်းသပ်ရေးဌာနအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မီတာများ စမ်းသပ်စစ်ဆေးမှုအဆင့်ဆင့်ကို လိုက်လံရှင်းလင်းတင်ပြကြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက မီတာများ မှန်ကန်စွာ တပ်ဆင်အသုံးပြုနိုင်ရေး စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးကြရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 19, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၏ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် - ၁၀၀၀ ဆေးပဒေသာပင်သို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများရှိ ဝန်ထမ်းများက လှူဒါန်းသော အလှူငွေကျပ် ၇၇၀၀၀၀၀ ကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် - ၁၀၀၀ တပ်မှူး ဗိုလ်မှူးချုပ် အောင်မြတ်ကျော်ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 18, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီတွင် မန္တလေးနန်းမြို့ရိုး တောင်ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ ထင်ရှားပြာသာဒ် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 18, 2024

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်းရှိ အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံသို့ ရောက်ရှိရာ တာဝန်ခံများနှင့် တာဝန်ရှိသူများက ပစ္စည်းများ ထိန်းသိမ်းထားသိုမှု/ ထုတ်ပေးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 18, 2024

(၂၈)ကြိမ်မြောက် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ကျင်းပရာ သုတေသီများ၊ ပညာရှင်များ၊ ဇေယျာသီရိနှင့် ဥတ္တရသီရိမြို့နယ်များမှ တောင်သူများတက်ရောက်၍ လယ်ယာထွက်ကုန်သီးနှံများ၏ စျေးကွက်အလားအလာများကို ဆွေးနွေးကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 18, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် မတ် ၁၃ ရက် မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၏ သုတေသနအဆိုပြုလွှာများ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုအားပေးကာ နိုင်ငံ့ရေရှည်အကျိုးစီးပွားဖော်ဆောင်နိုင်မည့် သုတေသနများကို ဆောင်ရွက်ရန်နှင့် ပြည်သူ့အကျိုးသယ်ပိုးနိုင်သော လူငယ်များဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 16, 2024

ပိုးသတ်ဆေးနည်းပညာကော်မတီဝင်များ၏ ပေါင်းသတ်ဆေး ငါးမျိုးအပေါ် ပြန်လည်သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 16, 2024

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ CMP အထည်ချုပ်လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့်တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Mar 16, 2024

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ယဉ်ကျေးမှု) ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ တာဝန်ခံညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ဗန်းမော်ကျောင်းတိုက်သို့ ရောက်ရှိပြီး ဗန်းမော်ဆရာတော်ကြီး၏ အထိမ်းအမှတ်ပြတိုက်အဖြစ် ပြုလုပ်မည့် ဝိဇ္ဇာစရဏကျောင်းဆောင်တော်သို့ သွားရောက်၍ ပြတိုက်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ပြတိုက်တွင် ပြကွက်အလိုက် ခင်းကျင်းပြသမည့် လုပ်ငန်းများ၊ ပြသပစ္စည်းများအတွက် ဆေးအရောင်အသွေး၊ မီးအလင်းပေးမှု စီစဉ်ဆောင်ရွက်နေမှုများကို အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်