ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

နေပြည်တော် ဇန်နဝါရီ ၇

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

 

နိုင်ငံတော်သမ္မတထံသို့ ဘူလ်ဂေးရီးယားသမ္မတနိုင်ငံ၊သမ္မတ ရူမန် ရေ့ဒဗ်ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် အဆွေတော်ထံသို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် မြန်မာပြည်သူ ပြည်သားများ သာယာဝပြော၍ ကျန်းမာပါစေကြောင်း ဘူလ်ဂေးရီးယား ပြည်သူများကိုယ်စား မိမိအနေဖြင့် ဆုမွန်ကောင်း ပို့သအပ်ပါသည်။

အခါအခွင့်ကြုံခိုက် မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံ ရေးနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ အနာဂတ်တွင် ဆတက်ထမ်းပိုး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း ပြောကြားလိုပါသည်။

အဆွေတော်အား မိမိအနေဖြင့် အစဉ်ချစ်ကြည်အလေးထားလျက် ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

 

နိုင်ငံတော်သမ္မတထံသို့ ဂျော်ဂျီယာနိုင်ငံ၊သမ္မတ ဆာလိုမီ ဇိုရာဘစ်ချ်ဗီလီ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယ တွင် အဆွေတော်ထံသို့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဂျော်ဂျီယာပြည်သူ များကိုယ်စား မိမိအနေဖြင့် နှုတ်ခွန်းဆက်သအပ်ပါသည်။

ဂျော်ဂျီယာနိုင်ငံသည် မြန်မာနိုင်ငံနှင့်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန် စေရေးကို အထူးအလေးထားပါကြောင်း ထပ်လောင်း ပြောကြားလိုပါသည်။ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော မိတ်ဖက်ဆက်ဆံရေးအား နောင် လာမည့်နှစ်များတွင်လည်း နှစ်နိုင်ငံအပြန်အလှန်အကျိုးငှာ ဆက်လက်၍ ပိုမိုမြှင့်တင်သွားနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

အဆွေတော်အား မိမိအနေဖြင့် အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါ ကြောင်းနှင့် အဆွေတော်နှင့် မြန်မာနိုင်ငံတော် ငြိမ်းချမ်းသာယာဝပြော ပါစေကြောင်း ဆုမွန်ကောင်းပို့သအပ်ပါသည်။

 

နိုင်ငံတော်သမ္မတ ထံသို့ ဂျမေကာနိုင်ငံ၊ဝန်ကြီးချုပ် အန်ဒရူး ဟိုလ်နက်စ်၊ အိုအင်န်၊ အမ်ပီ ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၃) နှစ်မြောက် လွတ်လပ်ရေး နေ့ နှစ်ပတ်လည်အခါသမယအတွက် ဂျမေကာပြည်သူများနှင့် အစိုးရ ကိုယ်စား မိမိအနေဖြင့် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအား ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ဖော်ပြအပ်ပါသည်။

မြန်မာနိုင်ငံနှင့် ဂျမေကာနိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင် ခဲ့သည့် လွန်ခဲ့သော ဆယ်စုနှစ် (၂)စုကျော်ကပင် ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေးတည်ရှိပါသည်။ မိမိတို့ နှစ်နိုင်ငံအနေဖြင့် လက်ရှိ ကမ္ဘာ့ ကျန်းမာရေးကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသကဲ့သို့ နှစ်နိုင်ငံပြည်သူများ အပြန်အလှန်အကျိုးကျေးဇူးများ ရရှိစေရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုများကို မြှင့်တင်သွားရန် မျှော်လင့်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြည်သူပြည်သားများ ငြိမ်းချမ်းမှုနှင့် ကြွယ်ဝချမ်းသာမှုရရှိစေရန်အတွက် ဆုတောင်း မေတ္တာပို့သ အပ်ပါသည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဘူလ်ဂေးရီးယားသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် ဘွိုင်းကာ ဘောရီဆော့ဗ် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့ အခါသမယ တွင် အဆွေတော်ထံသို့ ဘူလ်ဂေးရီးယားအစိုးရကိုယ်စား မိမိအနေဖြင့် လှိုက်လှဲစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဆုမွန်ကောင်းပို့သအပ်ပါ သည်။

အခါအခွင့်ကြုံခိုက် မြန်မာနိုင်ငံနှင့် ဘူလ်ဂေးရီးယားနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးသည် အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့် နယ်ပယ်များ၌ ဆက်လက်ဖွံ့ဖြိုးတိုးတက်လာမည်ဟု မိမိအနေဖြင့် ယုံကြည် ကြောင်း ဖော်ပြအပ်ပါသည်။

အဆွေတော်အား မိမိအနေဖြင့် အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါ ကြောင်း ဖော်ပြအပ်ပါသည်။