Skip to main content

လေးမျက်နှာမြို့နယ်အတွင်းရှိ မြို့အဝင်/အထွက်များတွင် ဖွင့်လှစ်ထားရှိသော ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ လိုက်လံကြည့်ရှုအားပေးခဲ့ပြီး စွန့်လွတ်မြေများပြန်လည်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိပြီး ယနေ့ ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးဌေးဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိူးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်များသို့ သွားရောက်ခဲ့ပြီး စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးလုပ်ငန်း‌ ဆောင်ရွက်နေမှု အခြေအနေနှင့် ခရီးသွားမှတ်တမ်းရယူနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ Volunteer များအား တွေ့ဆုံအားပေး၍ စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည်များ သုံးစွဲရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့် ထောက်ပံ့ငွေ(၅၀၀၀၀၀) (ကျပ်ငါးသိန်းတိတိ) အား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် ဟင်္သာတမြို့နယ်တွင် မျိုးစေ့သန့်စင်စက်နှင့် အခြောက်ခံစက်များအား ကြည့်ရူစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများလိုက်ပါလျက် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဝန်းအတွင်း ၂၀၂၀ပြည့်နှစ် ကိုဗစ် - ၁၉ ကာလ အစီအစဉ်၏ထောက်ပံ့မူဖြင့် စိုက်ပျိုးခဲ့သော မျိုးစေ့ထုတ်စိုက်ခင်းများမှ ထုတ်လုပ်သော မျိုးစေ့များအား အခြောက်ခံစက်ဖြင့် အခြောက်ခံခြင်းနှင့် မျိုးစေ့သန့်စင်စက်ဖြင့် သန့်စင်ခြင်း လုပ်ငန်းများကြည့်ရူခဲ့ကြသည်။

ကျောင်းကုန်းမြို့နယ် မြို့ထိပ် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင် ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထား ဆောင်ရွက်လျက်ရှိပြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့ထိပ်သို့ ယနေ့ နံနက် ၈ နာရီအချိန် ရောက်ရှိကာ မြို့အဝင်/ အထွက် စစ်ဆေးရေးဂိတ်ကို ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း​ဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုး​အောင် ဝါးခယ်မတံတားနှင့်​ ရွှေ​လောင်းတံတားများ ကြည့်ရှုစစ်​ဆေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တိုင်း/ခရိုင်အဆင့် တာဝန်ရှိသူများ လိုက်ပါ၍ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ နယ်အတွင်းရှိ ဝါးခယ်မတံတားနှင့် ​​ရွှေလောင်းတံတား တည်ဆောက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက သွားရောက် ကြည့်ရှု့ စစ်ဆေးခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး