လပွတ္တာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှမီးဘေးသင့်ပြည်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်

လပွတ္တာ မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ သိကြားဘုရားကုန်းတွင် မတ်လ(၇)နေ့ ညပိုင်းကဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုနှင့် သင်္ဃန်းကြီးကျေးရွာအုပ်စု ကံကွင်းကျေးရွာတွင် မတ်လ(၈)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုတို့ကြောင့် မီးဘေးသင့်ခဲ့ သည့် အိမ်ထောင်စု (၃)စုအတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦးနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများအား အိမ်ထောင်စု(၁)စုလျှင် စောင် (၂)ထည်၊ အိမ်ဆောက်ပစ္စည်း(၁)မျိုး၊ မီးဖိုချောင်သုံးပစ္စည်း(၁)ပုံး၊ အမျိုးသမီးတစ်ကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်း(၁)အိတ်၊ မိသားစု တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း(၁)ပုံး၊ ဆေးစိမ်ခြင်ထောင်(၁)လုံးတို့အား အိမ်ထောင်စုအလိုက်အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

ခင်လေးဝါ(ရွှေတာမြေ)