ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ရွှေတောင် မတ် ၁၂ 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက ကံသုံးဆင့်(အ-ထ-က)၊ ကံသုံးဆင့်(အ-မ-က) မြောက်ကျောင်းနှင့် ထန်းကုန်း(အ-မ-က) ကျောင်းတို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းသား/ကျောင်းသူ လေးများနှင့် ရင်းနှီးမှုရရှိစေရန် ကိုယ်လက်လှုပ်ရှားမှု အားကစားကို အတူတကွ ပျော်ရွှင်စွာ လုပ်ဆောင်ခဲ့ကြသည်။ ဆက်လက်ပြီး စာကြည့်တိုက်မှူး ဒေါ်နွေးဒါလီနိုင်က စက္ကူပြဇာတ် ပြသခြင်း၊ ပုံပြင်စာအုပ်ပြောပြခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူလေးများက စာအုပ်စာပေများကို ဖတ်ရှုလေ့လာခဲ့ကြသည်။ ထို့နောက်သဘာဝ ဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး နံရံကပ်ပြဘုတ်ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ 

  ကိုကိုမင်း(ပြန်/ဆက်)