ခရမ်းမြို့ သကျမာရဇိန်သွန်းဘုရားကြီး၏ ( ၉၆) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ကျင်းပ

ခရမ်း မတ် ၁

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့တွင် ရှေးဘိုးဘွားများ တည်ထားခဲ့သည့် မြို့ကျက်သရေဆောင် သွန်းဘုရားကြီး၏ (၉၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သွန်းဘုရားကြီးမုခ်ဦးရှေ့တွင် ကျင်းပခဲ့သည်။

ဖွင့်လှစ်ပွဲကို ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမင်း၊ မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးရဲမွန်အောင်၊ မြို့နယ်သာသနာရေးဦးစီးမှူးနှင့် ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝင်းနှင့် ဘဏ္ဍာတော်ဂေါပကဒုဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်၍ (၉၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ မြို့နယ်မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ မြို့နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုမင်း ( ခရမ်း)