မတ္တရာ မတ် ၁ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျေးရွာအုပ်စု အလွတ်တန်း (ဂိုးလတ်)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲ ဗိုလ

ရန်ကုန် မတ် ၁

ပထမအကြိမ် မြန်မာ့ဖရဲ၊ သခွားမွှေးပွဲတော် ၂၀၂၀ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ကန်တော်ကြီး မြေပဒေသာကျွန်း၌ ကျင်းပသည်။

ညနေပိုင်းတွင် ပွဲတော်လာပြည်သူများအား နိုင်ငံကျော်တေးသံရှင်များက တေးသံသာများဖြင့် ဧည့်ခံ ဖျော်ဖြေလျက်ရှိကြောင်း သိရသည်။

အဆိုပါပွဲတော်တွင် တိုင်းဒေသကြီး အသီးသီးမှ ဖရဲ၊ သခွားအသင်းများနှင့် စိုက်ပျိုးရောင်းချသူများက ဒေသထွက် ဖရဲသီး၊ သခွားသီးအမျိုးမျိုးနှင့် သစ်သီးဝလံများကို လာရောက်ရောင်းချလျက်ရှိပြီး ပွဲတော်ကို မတ် ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)