ပုဂံဒေသ၏ နေဝင်ဆည်းဆာကြည့်ရှုရန်အတွက် နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် တောင်ကုန်းများတွင် ကြည့်ရှုသူများပြား

ညောင်ဦး  ဇန်နဝါရီ ၁

 

နှစ်သစ်ကူးရုံးပိတ်ရက် ပြည်တွင်းပြည်ပခရီးသွားများနှင့်မြန်မာပြည်အရပ်ရပ်မှဘုရားဖူးဧည့်သည်များ ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်ရှိ သမိုင်းဝင်ဘုရားပုထိုများ၊ သမိုင်းဝင်သာသနိက အဆောက်အအုံးများတွင် လာရောက် လေ့လာသူ၊ ဘုရားဖူးသူ များပြားနေကြောင်းနှင့် ပုဂံနေဝင်ချိန်  နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် တောင်ကုန်း(တု)များပေါ်တွင် ပုဂံနေဝင်ဆည်းဆာကြည့်ရှုသူများပြားနေကြောင်း သိရသည်။

 

ပုဂံ-ညောင်ဦးဒေသသို့လာ ရောက်လည်ပတ်သူများအနေဖြင့် ချမ်းအေးသည့်ဆောင်းရာသီကိုခံစားရင်း၊ စေတီပုထိုးများကြား မြင်းလှည်းငှားစီးသည့်  ဘုရားဖူးဧည့်သည်များ၊ စက်ဘီးဖြင့်သွားသည့်   ပြည်ပပြည်တွင်းခရီးသွားများ ကားကြီး၊ ကားလေး၊ E Bike ဘက်ထရီဘီးစီးပြီး ရှေးဟောင်းစေတီပုထိုး၊ သာသနိက အဆောက်အအုံများ လေ့လာကြသည့်ပြည်ပဧည့်သည်များဖြင့် အထူးစည်ကားနေကြောင်းကို   ကျောက်ပန်းတောင်းမြို့မှ ဘုရားဖူးလာရောက်သည့် မဆွေဆွေသိန်းကပြောကြားခဲ့သည်။

 

ယခင်ကဆိုလျှင် ပြည်တွင်းဘုရားဖူးများက သမိုင်းဝင်အထင်ကရဘုရားများဖြစ်သည့် စွယ်တော်လေးဆူ၊ မဟာငှက်ပစ်တောင်၊ အလိုတော်ပြည့်၊  ထီးလိုမင်းလို၊ အာနန္ဒာဘုရား၊  ဗူးဘုရား ၊ စူဠာမဏိ ၊ သဗ္ဗညု၊  ဓမ္မရံကြီး ဘုရားများလောက်သာ လူစည်ကားရာမှ ယခုအခါ အခြားစေတီပုထိုးများပါလူစည်ကားလာကြောင်း ရန်ကုန်မြို့မှ နှစ်သစ်ကူးရုံးပိတ်ရက် ဘုရားဖူးလာရောက်သည့်မခင်မမက ပြောကြားသည်။

 

ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာကြည့်ဖို့ ညအိပ်လာခဲ့ကြောင်း ပုဂံ-ညောင်ဦး ဒေသရှိ ဟိုတယ်၊ မိုတယ်၊ တည်းခို ခန်းတို့တွင် တည်းစရာ နေစရာမရှိအောင်   ပြည့်နေပြီး ပုဂံနေဝင်ဆည်းဆာကို လာကြည့်ကြကြောင်း နေဝင်ဆည်းဆာကြည့်သည့် ကုန်းမြင့်ပေါ်တွင်လည်း   နေဝင်ဆည်းဆာကြည့်ရှုသူ များပြားနေကြောင်းကို မန္တလေးမြို့မှ ဘုရားဖူးရင်း နေဝင်ဆည်းဆာကြည့်ရန် ရောက်ရှိနေသည့် ကိုငြိမ်းချမ်းအောင်က ပြောကြားခဲ့ပါသည်။

 

ပုဂံတွင် နေဝင်ဆည်းဆာကြည့်ရှုရန်အတွက် မြေသားကုန်းမြင့်များ ပြုလုပ်ပေးထားပြီး စူဠာမဏိဘုရားမြောက်ဘက်တွင် ညွှန်လက်တစ်ဘက်ကုန်းမြင့်၊ စူဠာမဏိဘုရားတောင်ဘက်တွင် ရေကန်ထိပ်တွင် ကိုမောက်ကြီးကုန်းမြင့်နှင့် မင်းနန်သူကျေးရွာ ရေကန်ထိပ်တွင် နေဝင်ဆည်းဆာကြည့်ရန် ကုန်းမြင့်(တု)များ ပြုလုပ်ပေး ထားကြောင်းသိရပြီး နှစ်သစ်ကူးရုံးပိတ်ရက်တွင် ထိုကုန်းမြင့်များတွင် နေဝင်ဆည်းဆာကြည့်ရှုသူများဖြင့် များပြားနေကြောင်း ဘုရားဖူးဧည့်သည်များထံမှသိရသည်။

 

ကိုထိန်း (ငါ့သရောက်)