ဒီပဲယင်းမြို့နယ် အင်တိုင်းလေးကျေးရွာတွင်(၂၄)နာရီ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲကျင်းပ

ဒီပဲယင်း  ဇန်နဝါရီ  ၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် အင်တိုင်းလေးကျေးရွာ(၂၄)နာရီ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲကို ယမန်နေ့ ညနေ(၅)နာရီက ထရန်စဖော်မာရှေ့တွင် ကျင်းပခဲ့ပါသည်။

ကျေးရွာမီးလင်းရေး အခမ်းအနားတွင် အမှတ်(၂)တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဝေမောင်၊  မြို့နယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းတို့က ဖဲကြိုးဖြတ်၍လည်းကောင်း၊ မြို့နယ်လျှပ်စစ်မှူးက (၁၁/ဝ.၄)ကေဗွီ (၁၀၀)ကေဗွီ အေထရန်စဖော်မာကို လျှပ်စစ်ဓာတ်အားများလွတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အင်တိုင်းလေးကျေးရွာတွင် ယခင်က ဖယောင်းတိုင်မီး ဒီဇယ်သုံးအင်ဂျင်လျှပ်စစ်မီးနှင့် ဆိုလာစနစ်တိုကို အသုံးပြုရာမှ ယခုအခါတွင် (၂၄)နာရီ လျှပ်စစ်မီးလင်းရေးတို့ကို လုပ်ဆောင်နိုင်ခဲ့သဖြင့် ကျေးရွာနေပြည်သူများလူမှုရေးစီးပွားရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ(၈၀)ရှိပြီး (၂၄)နာရီမီးလင်းရေးကို NEP စီမံကိန်းအထောက်အပံ့နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေ ကျပ်သိန်း(၁၉၀)အကုန်ကျခံကာ အိမ်သုံးမီတာ(၇၉)လုံးတပ်ဆင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းထွန်း(ဒီပဲယင်း)