ပခုက္ကူ ရေလာလေးကျေးရွာ မူလတန်းလွန်ကျောင်းသို့ laptop ကွန်ပျူတာတစ်စုံလှူဒါန်း

ပခုက္ကူ  ဖေဖော်ဝါရီ  ၂၉

ပခုက္ကူမြို့နယ်၊ ရေလာအုပ်စု၊ ရေလာလေးကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ laptop ကွန်ပျူတာတစ်စုံ လှူဒါန်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ ကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အလှူရှင် ဦးသက်ထင်ဆွေက ကျောင်းဆရာဖြစ်စက ရေလာလေးကျောင်းတွင် သင်ကြားခဲ့ရသည်ကို သတိရမိ၍ မိမိတတ်နိုင်သည့် ဘက်မှလာရောက်၍ laptop ကွန်ပျူတာ တစ်စုံကို လာရောက် လှူဒါန်းရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကမ္မမြို့နေ အလှူရှင် ဦးသက်ထင်ဆွေ+ဒေါ်မာမာကြည်၊ သားမောင်ဟိန်းသက်ဆွေ တို့က ကျောင်းအကျိုးတော်ဆောင် ဦးတင်ဖေထံ laptop ကွန်ပျူတာတစ်စုံကို ပေးအပ်လှူဒါန်းကြောင်း သိရသည်။

ကိုဇော်(ဓာတု)