မရမ်းကုန်းမြို့နယ်၌ ​ကျောင်းကျန်းမာ​ရေးနှင့် လူငယ်ကျန်းမာ​ရေးဆင့်ပွားသင်တန်း၊ အာဟာရဖွံ့ဖြိုး​မှုအ​ခြေအ​နေနှင့် ကူးဆက်​ရောဂါ နှိမ်နှင်းရေးဆိုင်ရာသင်တန်း ဆက်လက်သင်ကြား

မရမ်းကုန်း ဖေ​ဖော်ဝါရီ ၁

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်() အ​ခြေခံပညာအထက်တန်း​ကျောင်း စန္ဒိမာခန်းမ၌ ကျောင်းကျန်းမာ​ရေးနှင့် လူငယ်ကျန်းမာ​ရေးဆင့်ပွားသင်တန်း၊ အာဟာရဖွံ့ဖြိုး​မှုအ​ခြေအ​နေနှင့် ကူးဆက်​ရောဂါနှိမ်နှင်း​ရေးဆိုင်ရာသင်တန်းကို ယမန်​နေ့နံနက် ၁၀ နာရီ အချိန်က ဆက်လက်သင်ကြားခဲ့သည်၊၊

အဆိုပါသင်တန်းတွင် ကျန်းမာ​ရေးဦးစီးအရာရှိ​ ဒေါ်ကြည်ကြည်သန်းက ကျောင်းသား၊ကျောင်းသူများ ကျန်းမာစွာ​နေထိုင်နိုင်​ရေး၊ အဟာဖွံ့ဖြိုး​ရေးဆိုင်ရာ​ဆောင်ရွက်ရမည့်အချက်များနှင့် ကူးစက်​ရောဂါဖြစ်ပွားမှုမှကာကွယ်နိုင်​ရေး အကြောင်းအရာများကို​ ဆွေး​နွေးပို့ချခဲ့ရာ အဆိုပါသင်တန်းသို့ ကျောင်းကျန်းမာရေးသူနာပြုဆရာမများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းကျန်းမာရေး ဆရာ၊ ဆရာမများ တက်ရောက်ကြ​ပြီး သင်တန်းကာလမှာ​ ဖေ​ဖော်ဝါရီလ ၈ ရက်​​နေ့မှ ၁၀ ရက်​နေ့အထိ စုစု​ပေါင်း()ရက်တာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)