အရန်မီးသတ်လေ့ကျင့်ရေး မွမ်းမံသင်တန်းဆင်းပွဲ တွံတေး၌ ကျင်းပ

တွံတေး  ဖေဖော်ဝါရီ  ၂၉

ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ် လေ့ကျင့်ရေး မွမ်းမံသင်တန်း အမှတ်စဉ် ၁/၂၀၂၀ သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက အဆိုပါ မီးသတ်စခန်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ‌ ကျေးဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစောမောင်သန်းက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် အရေးပေါ် မီးလောင်မှုများ ဖြစ်ပါက အမြန်ဆုံး မီးငြှိမ်းသတ်နိုင်ရေး မီးငြှိမ်းသတ်ကြသော မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း ဘေးအန္တရာယ် ကင်းရှင်းစွာ ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်မှု မရှိစေရေးနှင့် အပေါ့စား မီးသတ်စက်များကို ကျေးရွာများတွင် ပေးအပ်ထားပြီးဖြစ်ရာ စက်များကို ကျွမ်းကျင်စွာ အသုံးချတတ်စေရေး သင်တန်းမှ သင်ကြားလိုက်သည့် ပညာရပ်များ မိမိရပ်ရွာဒေသ ပြန်လည်ရောက်ရှိသည့် အခါလေ့ကျင့်ကြရန် ပြောကြားခဲ့သည်။

ထို့‌နောက်‌‌ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက သင်တန်းသားများ အတွက် တူညီဝတ်စုံများ ပေးအပ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို မီးသတ်ဦးစီးဌာနမှူး ဦးစောမောင်သန်းက သင်တန်းသားများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၃ရက် မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး တွံတေးမြို့ပေါ်( ၈) ရပ်ကွက်နှင့် ထော်သို‌ကျေးရွာ၊ သဝန်းတောကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင် တွံတေး