မန္တလေးမြို့တွင် စခန်းနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း ၁/၂၀၂၀ ဖွင့်ပွဲ ကျင်းပ

မန္တလေး  ဖေဖော်ဝါရီ ၂၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မန္တလေး ပြန်လည် ထူထောင်ရေးစခန်းမှ ကြီးမှူးဖွင့်လှစ်သော စခန်းနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်း ၁/၂၀၂၀ ဖွင့်ပွဲကို မန္တလေးမြို့၊ ၇၃ လမ်း၊ ၁၀ လမ်းနှင့် ၁၂ လမ်းကြားရှိ မန္တလေး ပြန်လည်ထူထောင်ရေးစခန်း အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ် သည်။

ဖွင့်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား သည်။ ထို့နောက် အမှတ်(၁၇) မူးယစ်တပ်ဖွဲ့စု၊ ဒုတိယတပ်ဖွဲ့စုမှူး ဒုရဲမှူးဝင်းနိုင်က မူးယစ ်ဉပဒေအကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို သင်တန်းသား (၂၀) ဦးဖြင့် ယနေ့မှစ၍ မတ်လ ၃၀ ရက်အထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ပြီး ဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အနယ်နယ်အရပ်ရပ်မှ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)