စလင်း ဖေဖော်ဝါရီလ ၂၈
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မျိုးဆက်သစ် အားကစား လူငယ်မောင်မယ်များ ပေါ်ထွန်းလာ စေရန် ရည်ရွယ်၍ နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ အလေးမ စသည့် အားကစားနည်း(၈)မျိုး အား အခြေခံကစားနည်းမှစ၍ မတ်လ ၇ ရက်နေ့မှ ၁၆ ရက်နေ့ထိ စလင်းမြို့ မြို့မဘောလုံးအားကစားကွင်းနှင့် ဆင်ဖြူကျွန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မြို့နယ် အား/ကာ ဦးစီးဌာနရုံးထံ ဆက်သွယ်၍ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
စိုးမိုးသူ(စလင်း)