မြောင် ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့တွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်လူငယ် ရေးရာ ကော်မတီတို့ မှကြီးမှူး၍ မုန့်ဖုတ်လုပ်နည်းသင်တန်းကို ယနေ့ နံနက်(၁၀) နာရီက မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာနတွင်ဖွင့်လှစ် ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်ထွန်းအောင်ကအဖွင့် အမှာစကား ပြောကြားရာတွင် ``အခုဒီသင်တန်းသို့ စိတ်ပါဝင်စားစွာ တက်ရောက်လာကြသည့် သင်တန်းသူ၊ သင်တန်းသားအနေဖြင့် ဆရာများ၏ သင်ပြပေးသည့် နည်းပညာများကို အထူးမှတ်သားစေလိုပါတယ် ၊ နောက်ပြီး မိမိရပ်ရွာဒေသသို့ ပြန်လည်ရောက်ရှိသည့်အခါ ကိုယ်တတ်ထားသည့် မုန့်ဖုတ်နည်းများကို ပြန်လည်မျှဝေပေးစေလိုပါတယ်၊ ဒီလိုဖြန့်ဝေခြင်းအားဖြင့် ပြည်သူတွေထပ်ဆင့် အတတ်ပညာတိုးပွားပါ လိမ့်မည်၊ ဒါကြောင့် ဒီသင်တန်းကို အထူးအလေးထား သင်ယူကြစေလိုပါတယ်´´ဟု ပြောကြားပြီး စစ်ကိုင်းခရိုင် လူဝင်မှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာ ရှိဒေါ်ဂျေဆင်သား ကအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာများမှ သင်တန်းသူ/သင်တန်း သား(၇၅)ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ ဖေဖော်ဝါရီ ၂၈ မှ ၂၉ ထိဖြစ်ကြောင်း သတင်းရရှိသည်။
တင်ကိုကို(မြောင်)