ကံမမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပ‌ဒေ အသိပညာပေးဆွေးနွေးပွဲနှင့် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကံမ  ဖေဖော်ဝါရီ ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ယနေ့နံနက်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပ‌ဒေ အသိပညာပေးဆွေးနွေးပွဲနှင့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြ သည်။

အဆိုပါဟောပြောပွဲတွင် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဌာနစိတ်မှူး ဒေါ်ကြွေကြွေက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များအား ရှင်းလင်းဆွေး‌နွေးခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်သဲဆုလွင်က ကလေးသူငယ်ဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ပြစ်မှုကျူးလွန်ခြင်းခံရသော ကလေးသူငယ်များနှင့် ကလေးသူငယ် သက်သေများအား အကူအညီနှင့် အကာအကွယ်ပေးခြင်းအကြောင်းတို့အား ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းနုနုရီက လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာများအား ရှင်းလင်းဆွေး‌နွေးခဲ့ကြပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည့် မေးမြန်းချက်များအား တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)