ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲကျင်းပ

ဆင်ပေါင်ဝဲ  ဖေဖော်ဝါရီ  ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးလင်းက အဖွင့်အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုဝန်ထမ်း-၃ ဦးတင်အောင်ချိုက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်စုစုကျော်က  ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေတွင် အခန်းပေါင်း (၃၀)၊ ပုဒ်မပေါင်း (၁၂၁) ခုပါဝင်ကြောင်း၊ ကလေးသူငယ်ဥပဒေ၏ ရည်ရွယ်ချက်၊ ဥပဒေပြဌာန်းချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ကလေးသူငယ်ကိုပြစ်မှုဖြင့် အရေးယူခြင်းနှင့် ကင်းလွတ်ခွင့်၊ ကလေးသူငယ်တရားစီရင်ရေး၊ ပြစ်မှုကျူးလွန်ခြင်းခံရသော ကလေးသူငယ်များနှင့် ကလေးသူငယ်သက်သေများအား အကူအညီနှင့် အကာအကွယ်ပေးခြင်းအပိုင်းများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

အိဖြူဖြူ(ပြန်/ဆက်)