တနင်္သာရီ ဇန်နဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု-အင်းရှည်ကုန်းကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စုတစ်စုအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုက ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ထောက်ပံ့ပစ္စည်းတစ်စုံနှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေ ကျပ်တစ်သိန်း၊ ဆန်ဖိုးထောက်ပံ့ငွေ တစ်ဦးလျှင် ကျပ်(၂၁၀၀/-)နှုန်းဖြင့် မိသားစုဝင် (၅)ဦးအတွက် ငွေကျပ်(၁၀၅၀၀၀/) တို့ကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါနေအိမ်သည် ဒီဇင်ဘာ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ အချိန်က အင်းရှည်ကုန်းကျေးရွာနေ ဦးဇော်မိုးအောင် (၄၄နှစ်) (အဘ)ဦးစိန်ဝင်း၏ နေအိမ်အတွင်း မီးဖိုရှိ မီးကြွင်းမီးကျန်မှတစ်ဆင့် အလျား (၁၅)ပေ၊ အနံ(၂၄)ပေ၊ အမြင့်(၁၅)ပေရှိ ဓနိဖက်မိုး၊ ဝါးထရံကာ သစ်လုံးတိုင် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ အသက်(၁၂)နှစ်နှင့်အထက် လူဦးရေ(၅)ဦးရှိပြီး နီးစပ်ရာ ဆွေးမျိုးနေအိမ်သို့ ယာယီပြောင်းရွှေ့ နေထိုင်နေရကာ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)