လွိုင်လင် ဇန်နဝါရီ ၂
မြန်မာနိုင်ငံ၏ သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်သည့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို ကျောင်းနေအရွယ်ခလေးများ သိရှိလာစေရန် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပပြုလုပ်ပေးလျက်ရှိရာ စာစီစာကုံးပြိုင်ပွဲတွင် လွိုင်လင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ ၁၉ ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား/သူ ၁၉ ဦး လာရောက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူလေးများအား ဇန်နဝါရီလ ၄ ရက်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများကို ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းသန့်(ခရိုင်/ပြန်၊ဆက်)