မအူပင် ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်အဆင့်ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၀ ရက်၊ နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်က အဖွင့်ဩဝါဒချီးမြှင့်ပြီး မအူပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက သင်တန်းဖွင့်လှစ်ခြင်းအတွက် ဂုဏ်ပြုချီးမြှင့်စကားပြောကြားပါသည်။ ၎င်းနောက် မအူပင်မြို့နယ်ပညာရေးမှူး ဒေါ်စန်းယုမော်က သင်တန်းဖွင့်လှစ်ရခြင်းကြောင့် အနာဂါတ်အတွက် မျိူဆက်သစ်ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာရေးကိုရည်ရွယ်ကြောင်း မုနိတာစကားပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကာလမှာ (၂၀.၄.၂၀၂၃ မှ ၂၃.၄.၂၀၂၃) ရက်နေ့ထိ (၄) ရက်တာကာလဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)