လူထုတွေ့ဆုံဆွေးနွေးပွဲ Town Hall Meeting အခမ်းအနား ရှမ်းစုကျေးရွာ၌ကျင်းပ

တွံတေး ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့မတိုက်နယ်ရှိ ရှမ်းစုကြီး‌ကျေးရွာတွင် လွှတ်‌တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာများနှင့်‌ လူထုတွေ့ဆုံပွဲ အစည်းအဝေး (Town Hall Meeting) အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က ရှမ်းစုကြီးကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ သည်။

လူထုတွေ့ဆုံဆွေးနွေးပွဲတွင် တွံတေးမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ အမျိုးသား လွှတ်‌တော်ကိုယ်စားလှယ် ဦးကျော်ထွေးတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက Town Hall Meeting  ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးလက်လမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စောမြနွယ်၊ မြို့နယ် ရဲတပ်ဖွဲ့ရုံးမှ ဒုရဲမှူး ထွန်းဝင်းအောင်၊‌ ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးခင်မောင်လွင်တို့က မိမိတို့၏ ဌာနလုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသော ရှမ်းစုကြီ၊ တလု‌တ္ထော်၊ ခလုပ်၊ ပြသတိုက်၊ ဝက်‌ချောင်း၊ ရန်ကုန်ပါဒ၊ ဌက်‌ပျော့စမ်း၊ မာလာကာရာဘာခြံ၊ သဝန်း‌တောနှင့် ဇီးဖြူကုန်း‌ကျေးရွာအုပ်စု ၁၁ အုပ်စုမှ ပြည်သူ လူထုက‌ ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူလူထုများက ရပ်ရွာအကြောင်းကိစ္စများအား လွှတ်‌တော် ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများကို လွတ်လပ်စွာ သိရှိလိုသည်များ မေးမြန်းကြရာ လွှတ်‌တော် ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာအသီးသီးက ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါ‌ ကျေးလက်လူထု‌တွေ့ဆုံပွဲ Town Hall Meeting တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က နိဂုံးချုပ်အမှာစကားနှင့် အစည်းအဝေးတွင် ဆွေးနွေးမှုများအား ပြန်လည် သုံးသပ် ဆွေးနွေးကြကာ တွေ့ဆုံ‌ကျေးရွာအုပ်စု ၁၁ အုပ်စုမှ ပြည်သူ့လူထု ၂၀၀ ကျော်နှင့် ဌာနဆိုင်ရာ အကြီးအကဲ(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မျိုးလှိုင် (တွံတေး)