ရန်ကုန် ဖေဖော်ဝါရီ ၂၇
လူထုအခြေပြုဗဟိုဌာန (ဗဟန်း) CommunityCentre သို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ စွမ်းရည်မြှင့်သင်တန်း (၂/၂၀၂၀) သင်တန်းသား (၃၅)ဦးသည်ကြီးကြပ်သူများ လိုက်ပါ၍ ယနေ့၊ နေ့လယ် ( ၃ )နာရီက အဆိုပါ လူထုအခြေပြုဗဟိုဌာနသို့ ရောက်ရှိလေ့လာကြသည်။
အဆိုပါ လေ့လာရေးသင်တန်းသား၊ သင်တန်းသူများသည် အဆောက်အဦ ၏မြေညီထပ်ရှိ ခေတ်မီကလေး အားကစားကွင်း၊ ကလေးစာဖတ်ခန်း၊ လူငယ်လူကြီးများအတွက် ကြံ့ခိုင်ရေးသုံးစက်ကိရိယာများ၊ ပထမထပ် တွင်ရှိသော ဗဟုသုတရဖွယ်ရာပြတိုက်ငယ်၊ အစည်းအဝေးခန်းမ၊ ပင်မစာကြည့်တိုက်၊ ဒုတိယထပ်တွင် လက်(ဖ်)တော့ ကွန်ပျူတာသုံးသင်တန်းခန်းမ၊ ဘက်စုံသုံးခန်းမကြီး၊ အပေါ်ဆုံးထပ်၊ဘယ်/ညာတွင် စာပေစကားဝိုင်းများ ကျင်းပရန်နှင့် လူထုအားကစားလှုပ်ရှားမှု များလုပ်ဆောင်ရန်၊ လသာဆောင် တို့ကိုလေ့လာ ကြည့်ရှုခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။
ယင်းနောက် လေ့လာရေးရောက်ရှိလာကြသော သင်တန်းသူ၊ သင်တန်းသားများက မိမိတို့သိရှိ လိုသည် များကိုမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)