မတ္တရာမြို့နယ် ဆင်ကုန်းကျေးရွာ (၁၇၆) ကျေးရွာမြောက် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား ကျင်းပ

မတ္တရာ   ဖေဖော်ဝါရီ   ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP Phase-1) ဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော ဥဒိန်ကျေးရွာအုပ်စု ဆင်ကုန်းကျေးရွာတွင် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်၊ မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးခင်ဇော်နှင့်  ကျေးရွာတာဝန်ရှိသူများမှ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းမှ အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးခင်ဇော်မှ ကျေးရွာမီးလင်းရေး ကော်မတီထံသို့ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကာ ကျေးရွာသူ/သား များအား  လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအကြောင်း သိကောင်းစရာများကို ဆွေးနွေး ဟောပြောခဲ့သည်။ ထို့နောက် ကျေးရွာမီးလင်းရေး ကော်မတီဝင် တစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ယနေ့ဖွင့်လှစ်ခဲ့သည့် ဆင်ကုန်းကျေးရွာသည် မတ္တရာမြို့နယ်တွင် (၁၇၆) ရွာမြောက် လျှပ်စစ် မီးလင်းခြင်း ဖြစ်သည်။ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP Phase-1) ဖြင့် ကျေးရွာမီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော ကျေးရွာ ၂၀ ၌ ဆင်ကုန်းကျေးရွာ အပါအဝင် ကျေးရွာ(၄)ရွာ မီးလင်းနေပြီဖြစ်ပြီး ကျန်ရှိသော ကျေးရွာများ လျှပ်စစ်မီးလင်းနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး (မတ္တရာ)