သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် (၃၃၁)ပတ်မြောက် ကုသိုလ်ဖြစ် လှူဒါန်း

ဒေါပုံ ဇန်နဝါရီ  ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ယမုံနာ(၂)ရပ်ကွက် သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် (၃၃၁)ပတ်မြောက် အားမာဃဆွမ်းလောင်းဓမ္မာရုံကြီး၌ ယမန်နေ့ ၈ နာရီ ၃၀ အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်ကြီး ဘိုးဘွား(၅၃)ဦးအား အာဟာရအဖြစ် နံနက်စာ ကြက်သားနို့စိမ်းခေါက်ဆွဲကို လှူဒါန်းကျွေးမွေးပြီး အာဟာရအလှူအဖြစ် ခေါက်ဆွဲခြောက်ထုပ်များ၊ ကွေကာအုပ်များ လှူဒါန်းပေးပြီး ဒေါက်တာ ခင်ဝင်းကြူမှ ကျန်းမာရေးစစ်ဆေးခြင်းနှင့် တစ်ပတ်စာဆေးဝါးများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် (၃၃၁) ပတ်မြောက် ကုသိုလ်ဖြစ် လှူဒါန်းခြင်းကို အလှူများအားလုံးမှ စုပေါင်း၍ အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆောင်ရွက် ပေးခြင်းဖြစ် ကြောင်း သိရှိရသည်။

သဲစုစုလွင် (မြို့နယ် ပြန်/ဆက်)