ညောင်လေးပင် ဇန်နဝါရီ ၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရေးဆွဲနည်းသင်တန်း(၁/၂၀၂၀)ကို ဇန်နဝါရီ ၂ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၊ ခေတ္တမြို့နယ် ကျေးလက်ဦးစီးမှူး ဦးမင်းမင်းသိမ်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ (၁၅)ရွာမှ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ကြ ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ခင်သွယ်ဦးနှင့် အငယ်တန်း အင်ဂျင်နီယာ(၂)ဒေါ်သက်စုအေးတို့က လေးရက်တိုင်တိုင် သင်တန်း ပို့ချပေးမည်ဖြစ်သည်။
ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း စီမံကိန်းကို ကျေးလက်ပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များ ရေးဆွဲဖော်ထုတ် နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေးစီမံချက်များအပေါ် အခြေခံ၍ စီမံချက်လုပ်ငန်းများ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ထွက်ပေါ် လာသော စီမံချက်များအား မြို့နယ်အဆင့် ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက် နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)