မိုင်းစံ ဖေဖော်ဝါရီ ၂၇ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် ကျေးလက်‌ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မိုင်းစံကျးရွာအုပ်စု ဝမ်လီကျးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ မြ

ရေကြည်    ဖေဖော်ဝါရီ  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိုနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီ အချိန်က ရေကြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိုနှိုင်း အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း က ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ရောဂါနှင့်ပတ်သတ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တည်းခိုခန်းလုပ်ငန်း ပိုင်ရှင်များ၊ ပို့ဆောင်ရေး လုပ်ငန်းပိုင်ရှင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအား မိမိမြို့နယ်တွင် ရောဂါကူးစက်မှု မဖြစ်ပွားစေရေးနှင့် ရောဂါလက္ခဏာရှိသူကို တွေ့ရှိပါက အကြောင်းကြားရန်နှင့် ရောဂါကူးစက်မှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများ အကြောင်းကို တက်ရောက်လာသူများအား အသိပေး ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန် ဒေါက်တာဇော်အောင် က မြို့နယ်အဆင့်မှာ အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရန် စောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါဟာ တိရိစ္ဆာန်မှ လူကိုကူးစက်ပြီးတော့ လူရဲ့အသက်ရှုလမ်းကြောင်း တစ်လျောက်မှာ အလွန်ပြင်းထန်တဲ့ လက္ခဏာတွေ ပေါ်ပေါက်ပြီးတော့ လူအချင်းချင်း ကူးစက်တာကို တွေ့ရှိကြောင်း၊ အရာဝထ္ထု တစ်ခုခုကို ကိုင်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် ဆေးကြောရမည်ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ ရောဂါသံသယဖြစ်ဖွယ် လက္ခဏာများအကြောင်း၊ ရောဂါကူးစက်ပုံ အကြောင်း၊ ကာကွယ်နိုင်မည့် နည်းလမ်းများ အကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများ က ကိုရိုနာဗိုင်းရပ်(စ်) အဆုတ်ရောင်ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိုနှိုင်း အစည်းအဝေးသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တည်းခိုခန်း လုပ်ငန်းပိုင်ရှင်များ၊ ပို့ဆောင်ရေးလုပ်ငန်းပိုင်ရှင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း လူဦးရေ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)