ဖြူး ဖေဖော်ဝါရီ ၂၇
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ပြည်သူလူထုအခြေပြုတီဘီရောဂါတိုက်ဖျက်ရေးစီမံချက် မြို့နယ်အဆင့်လုပ်ငန်းအသိပေးရှင်းလင်းပွဲကို ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေးက အမှာစကားပြောကြားရာ တီဘီရောဂါကင်းစင်သည့်နယ်မြေဖြစ်စေရေးအတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်ပရဟိတအဖွဲ့များအနေဖြင့်စေတနာအပြည့်အဝထားပြီး ဆောင်ရွက်ကြစေကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းတီဘီရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာဆွေဆွေသန်းက တီဘီရောဂါအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဘဏ္ဍာရေးမှူး ဗဟိုဦးစီးအဖွဲ့ဝင် ဦးကိုကိုက အသင်းရေးရာများရှင်းလင်းခြင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ပဲခူးတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးမင်းသိန်းက လုပ်ငန်းအကြောင်းရှင်းလင်းခြင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းဗဟို ဒုတိယစီမံကိန်းမန်နေဂျာမှ ပြည်သူလူထုအခြေပြုတီဘီရောဂါတိုက်ဖျက်ရေးစီမံချက်နှင့်ပတ်သက်၍ရှင်းလင်းပြီးနောက် တက်ရောက်လာသူများကသိလိုသည်များမေးမြန်းကြရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။
မနွယ် (ဖြူး ပြန်ဆက်)