မြင်းခြံဒီဂရီကောလိပ်ဘာသာရပ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲဆုချီးမြှင့်

 

မြင်းခြံ    ဇန်နဝါရီ     ၃

(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြင်းခြံဒီဂရီကောလိပ်ဘာသာ ရပ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျောင်းဘောလုံးကွင်းအတွင်း ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မြင်းခြံဒီဂရီကောလိပ်ဘာသာရပ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲများကို နံနက်ပိုင်းမှစတင် ကျင်းပပြုလုပ်ရာ အပြေးပြိုင်ပွဲအဖြစ်မီတာ (၁၀၀၊၂၀၀၊၄၀၀၊၈၀၀၊၁၅၀၀) ကျား/မပြိုင်ပွဲများ ၊ အလျားခုန် ၊ အမြင့်ခုန် ၊ သုံးဆင့်ခုန်ပြိုင်ပွဲများ ၊ သံလုံးပစ် ၊ သံပြားပစ် ၊ လှံတံပစ်ပြိုင်ပွဲများကျင်းပခဲ့ရာ ဘာသာရပ်အသီးသီးမှ ကျောင်းသား/ကျောင်းသူများဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများ တွင်ဆုရရှိသူများကို ကျောင်းအုပ်ကြီး ဒေါက်တာမောင်မောင်နှင့် ပါမောက္ခများ ၊ ဌာနမှူးများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ (၂၀၁၉-၂၀၂၀)ပညာသင်နှစ် ၊ပညာရေးဝန်ကြီးဌာန ၊အဆင့်မြင့်ပညာဦးစီးဌာန မြင်းခြံဒီဂရီကောလိပ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲသို့ ကျောင်းအုပ်ကြီး ဒေါက်တာမောင်မောင် ၊ ဘာသာရပ်ဆိုင်ရာပါမောက္ခ(ဌာနမှူး)များ ၊ ဆရာ/ဆရာမများ ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်အဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ဇော်မင်းနိုင်(မြင်းခြံ)