သာယာဝတီ၌ အကျိုးဆောင်တောင်သူသင်တန်း ဖွင့်လှစ်ပို့ချ

သာယာဝတီ ဇန်နဝါရီ  ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ အင်းရွာ တောင်သူလယ်သမား သင်တန်းကျောင်းတွင် အကျိုးဆောင် တောင်သူဖွံ့ဖြိုးရေးသင်တန်း (၄/၂၀၁၉) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီချိန်က ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ညွန်ကြားရေးမှူး ဦးလှမြင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။

သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၄၀) ဦး တက်ရောက်ခဲ့ကြပြီး ဘာသာရပ်များအနေဖြင့် လယ်ယာကဏ္ဍမူဝါဒ၊ ကျေးလက်ဖွံ့ဖြိုးရေး၊ သီးနှံကာကွယ်ရေး၊ မျိုးစေ့ဆိုင်ရာမူဝါဒ၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး၊ သမဝါယမ၊ လယ်စီအင်း၊ စားသုံးသူရေးရာ၊ စက်မှုလယ်ယာ စသည့် ဘာသာရပ်များ သင်ကြားပေးမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းသည် သာယာဝတီမြို့နယ်တွင် လေးကြိမ်မြောက် ဖွင့်လှစ်ခြင်း ဖြစ်သိရသည်။

ပေါက်စ (မင်းလှ)