ငဖဲ ဇွန် ၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့ ဟူသောဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများကို နိုင်ငံတစ်ဝန်းလုံးတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ပြီဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများက ယနေ့နံနက် ၈ နာရီမှစတင်၍ အေးချမ်းစွာ လာရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၈၃)ကျောင်းရှိရာ ယခုနှစ်တွင်ဖွင့်လှစ်နိုင်သော ကျောင်းများမှာ အထက်တန်းကျောင်း(၃)ကျောင်း၊ အ.ထ.က(ခွဲ) (၃)ကျောင်း၊ အ.လ.က(၅)ကျောင်း၊ အ.လ.က(ခွဲ) ၁၁ ကျောင်း၊ မူလွန် (၁၅)ကျောင်း၊ အ.မ.က (၃၄) ကျောင်း ၊ အ.မ.က(ခွဲ) ၁၁ ကျောင်း စုစုပေါင်း (၈၂)ကျောင်းဖွင့်လှစ်ပြီး အ.မ.က-ခွဲ(ငဖြူကြီး)ကျောင်းမှာ ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်းနှင့် မူလတန်းဆင့် (၆၂၆၁)ဦး၊ အလယ်တန်းဆင့် (၁၈၂၄)ဦးနှင့် အထက်တန်းဆင့် (၇၅၃)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၈၈၃၈ ) ဦး တက်ရောက်မှုရာခိုင်နှုန်း ၉၁.၃ ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မယု(ငဖဲ)