ကန်ကြီးထောင့်မြို့ ဟွာမှုန်အထည်ချုပ်စက်ရုံ၌ မီးဘေးလုံခြုံရေး အသိပညာ‌ပေးနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက် လေ့ကျင့်ခြင်း ဆောင်ရွက်

ကန်ကြီးထောင့် ဖေဖော်ဝါရီ  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် ရုတ်တရက် မီးဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက စနစ်တကျ မီးငြှိမ်းသတ်တတ်စေရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက အမှတ် ၄ ရပ်ကွက်ရှိ ဟွာမှုန် အထည်ချုပ်စက်ရုံ၌ မီးဘေးလုံခြုံရေး အသိပညာ ပေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုး ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များမှ စက်ရုံဝန်ထမ်းများကို မီးဘေးလုံခြုံရေးအတွက် သတိပြု လိုက်နာရမည့် အချက်များ၊ ဆောင်ရန်/ရှောင်ရန် အချက်များနှင့် မီးသတ်ဆေးဘူး အသုံးပြုပုံ နည်းစနစ်များကို အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ပြီး ‌မီးသတ်ပိုက်ဖြင့် ရေထိုးမီးငြှိမ်းသတ်ခြင်းများ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းများကို လက်‌တွေ့ဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)