သတင်းအချက်အလက်နည်းပညာ စီမံခန့်ခွဲမှု မွမ်းမံသင်တန်း (MIS Refresher Training) ဖွင့်ပွဲကျင်းပ

​ပေါက်  ​ဖေ​​ဖော်ဝါရီ  ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြု စီမံကိန်းမှ သတင်းအချက်အလက်နည်းပညာ စီမံခန့်ခွဲမှုမွမ်းမံသင်တန်း (MIS Refresher Training) ကို ယမန်နေ့နံနက် (၉) နာရီက လူထုဗဟိုပြုစီမံကိန်းရုံးတွင် ပြုလုပ်ကျင်းပခဲ့သည်။

ရှေ့ဦးစွာ အဆိုပါသင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးအေးသန့်မှ အဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် သင်တန်းပို့ချရာတွင် စည်းကမ်းတကျ သင်ယူမှတ်သား လိုက်နာ ဆောင်ရွက်ကြရန်နှင့် စီမံကိန်းဝန်ထမ်းများအား စီမံကိန်းလုပ်ငန်းဆောင်ရွက်နေစဉ်ကာလတွင် တစ်စုံတစ်ရာထိခိုက်ပါက စီမံကိန်းမှ အသက်အာမခံထားရှိပေးထားမှုရှိပါကြောင်း၊ ဆက်လက်ပြီး လူထုဗဟိုပြုစီမံကိန်း အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်မှ စတုတ္ထနှစ်စီမံကိန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဝန်ထမ်းများအနေဖြင့် စီမံကိန်းမှ ထောက်ပံ့ပေးသော Tablet များကို စနစ်တကျကိုင်သွယ်အသုံးပြုကြရန် လိုအပ်​ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နည်းပညာအကြံပေး စောင့်ကြည့်ကြီးကြပ်ရေးတာဝန်ခံ ဦးသက်လှိုင်စိုးမှ သင်တန်းရည်ရွယ်ချက်ဖြစ်သော စီမံကိန်းမှတ်တမ်း သတင်းအချက်အလက် (Data) ထည့်သွင်းနည်းအကြောင်းနှင့် ချိတ်ဆက်နည်းအကြောင်းကို   ရှင်းလင်းစွာသိရှိ စေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို လက်ထောက်နည်းပညာမှူး (၂၆) ဦး၊ လူထုစည်းရုံးရေးမှူး (၄၀) ဦး၊ စုစုပေါင်း (၆၆) ဦး တက်ရောက်ပြီး သင်တန်းကို (၁) ရက်တာသင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဉာဏ်တိုး​ပေါက်