စေတုတ္တရာ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၌ မြို့နယ်အတွင်း တိရိစ္ဆာန်များ ကူးစက်ရောဂါ ကင်းရှင်းစေရန် ရည်ရွယ်၍ ကာကွယ်ဆေးထိုး သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြိုနယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖိုးကျော်မင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် တိရိစ္ဆာန်ကူးစက်ရောဂါများနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များကို သင်တန်းသား/ သင်တန်းသူများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာ သင်တန်းနည်းပြများမှ ပို့ချသင်ကြားပေးလျက်ရှိပြီး အဆိုပါသင်တန်းတွင် အခြေခံကျန်းမာရေးလုပ်သား (၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်း ကာလမှာ (၂.၁.၂၀၂၀) ရက်နေ့မှ (၆.၁.၂၀၂၀)ရက်နေ့အထိ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ခင်သန်းလှိုင် (ပြန်/ဆက်)