မြစိမ်းရောင်စီမံကိန်း ကျေးရွာ(၂)ရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကူး ဇန်နဝါရီ  ၃

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်းကျေးရွာ(၂) ရွာသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဉက္ကဋ္ဌ ဦးအောင်ကိုကိုဦးက ရန်ပုံငွေလွှဲပြောင်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်နိုင်ဦး နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်းတို့က ဇီးကျွန်းကျေးရွာနှင့် ဒိုးပင်ကုန်းကျေးရွာ မြစိမ်းရောင်ကော်မတီအဖွဲ့ဝင်များထံသို့ စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၃၀၀)စီအား လွှဲပြောင်းပေးအပ်ကြပြီး ကျေးရွာ(၂)ရွာကိုယ်စား ဒိုးပင်ကုန်းကျေးရွာမြစိမ်းရောင်ကော်မတီဝင် ဦးတင့်က ကျေးဇူတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မြ စိမ်းရောင်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဉက္ကဋ္ဌနှင့် ဇီးကျွန်းကျေရွာနှင့် ဒိုးပင်ကုန်းကျေးရွာမှ မြစိမ်းရောင်ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။

မင်းဇော်ဦး(ပြန်/ဆက်)