မင်းလှမြို့၌ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း ဖွင့်လှစ်

အထက်မင်းလှ ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံသင်တန်း ဖွင့်ပွဲ ကို ယနေ့နံနက်(၉) နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး   ဒေါ်ခင်နန္ဒာအိက      ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်နှင့် ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မင်းလှမြို့နယ်အတွင်းရှိ    ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ    (၂၅ ) ဦးအား   ဖေဖော်ဝါရီ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

 ဇာဇာ (အထက်မင်းလှ)