နမ့်ခမ်း ဇူလိုင် ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများကို ကျောင်းအပ်လက်ခံမှုအား ယနေ့အထိ နောက်ဆုံးထား၍ တို့းမြှင့်လက်ခံပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နှစ်စဉ်ကျောင်းအပ်လက်ခံမှုကို မေလကုန်အထိသာ လက်ခံလျက်ရှိသော်လည်း ယခုနှစ်တွင် ဇူလိုင်လ ဒုတိယပတ်ဖြစ်သည့် ဇူလိုင်လ ၁၄ ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်အတွင်း ယခုနှစ်ကျောင်းဖွင့်ရာသီတွင် အခြေခံပညာကျောင်းများ၌ ကျောင်းသား /ကျောင်းသူများတက်ရောက်မှုမှာ မူလတန်းအဆင့်တွင် (၉၄၅) ဦး၊ အလယ်တန်းအဆင့်တွင် (၆၁၇) ဦးနှင့် အထက်တန်းအဆင့်တွင် (၁၂၅၄၃) ဦးတို့ တက်ရောက်၍ ပညာသင်ကြားလျက်ရှိပြီး ကျောင်းဆရာ/ဆရာမ (၃၈၄) ဦးတို့က သင်ကြားပို့ချပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နမ့်ခမ်း(ပြန်/ဆက်)