မြိတ် ဖေဖော်ဝါရီ ၁
တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား (၃)ခရိုင် ရိုးရာခြင်းလုံးပြိုင်ပွဲကို အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ရိုးရာ ခြင်းလုံး အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြိတ်မြို့တွင် ကျင်းပလျက်ရှိရာ ဗိုလ်လုပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး မြိတ်ခရိုင်အသင်းနှင့် ထားဝယ်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဗိုလ်လုပွဲတွင် မြိတ်ခရိုင်အသင်းမှ အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ပထမဆုနှင့် ဒုတိယဆု ရရှိသော အသင်းတို့အား ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ထိုနောက် ပထမရရှိသော မြိတ်ခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို တနင်္သာရီတိုင်ဒေသကြီး အစိုးရအဖွဲ့ကိုယ်စား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆုချီးမြှင့်ပွဲအပြီးတွင် ပြိုင်ပွဲကျင်းပရေး ကော်မတီမှ တနင်္သာရီတိုင်း ဒေသကြီး ရိုးရာခြင်းလုံး လက်ရွေးစင် အားကစားသမားများကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)