မိုင်းနောင် သြဂုတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရှိရှေးဟောင်းသမိုင်းဝင်ထူပါရုံဘုရားစေတီတော် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၈)နာရီချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝါတွင်းကာလတရားအားထုတ်မည့် သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ လူပုဂ္ဂိုလ်ယောဂီများ၊ သက်ကြီးရွယ်အို မိဘပြည်သူများအားလုံး အေးချမ်းသာယာသော သဘာဝပတ်ဝန်းကျင်အတွင်း အန္တရာယ်ကင်းဘေးရှင်းစွာဖြင့်တရား ဘာဝနာများအဆင်ပြေပြေအားထုတ်နိုင်ရန်နှင့် ဝါတွင်းကာလ ဥပုဒ်သီတင်းများဆောက်တည်နိုင်ရန်အတွက် စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် နယ်မြေခံတပ်များမှ အရာရှိ ၊စစ်သည်များ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများစုစုပေါင်းအင်အား(၁၄၄)ဦးတို့က ပူးပေါင်း၍ အမှိုက်များနှင့်ပေါင်းမြက်များ ရှင်းလင်းကောက်ယူခြင်း၊ သစ်ပင်သစ်ကိုင်း၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊အဝင်အထွက်လမ်းများ တံမျက်စီးလှည်းခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့သည်။
မိုင်းနောင်(ပြန်/ဆက်)