(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများတွင် လာရောက်ကြည့်ရှုသူ များပြားလျက်ရှိ

ထားဝယ်    ဇန်နဝါရီ   ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ ခင်းကျင်းပြသထားသော (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများတွင် ယမန်နေ့ညနေပိုင်းက ဒေသခံပြည်သူများ၊ ခရီးသွားလာပြည်သူများဖြင့် လာရောက်ကြည့်ရှုသူ များပြားလျက် ရှိသည်။

 (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ခင်းကျင်းပြသထားလျက်ရှိရာ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ခရီးသွားလာ ပြည်သူများက ပြခန်းများကို စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးကြသည်။

ပြခန်းများအတွင်း၌ ခင်းကျင်းပြသထားသော တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ပြခန်း အပါအဝင် ဌာနအလိုက်  လုပ်ငန်းဆောင်ရွက်မှုပြကွက်များ၊ မှတ်တမ်းဓာတ်ပုံများ၊ မှတ်တမ်းမှတ်ရာ ပစ္စည်းများနှင့် လုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ဒေသထွက်ကုန်များ၊ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ခင်းကျင်းပြသထားကြောင်း သတင်းရရှိသည်။

ကျော်ကျော်လတ် (ပြန်/ဆက်)